ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၃ ရက်

ဧရာ၀တီတိုင်း ၊ ရေကြည်မြို့ရှိ စစ်ကောင်စီ၏ အ​မှတ် ၃၄၄ အမြောက်တပ်သည် ဖေဖော်ဝါရီလဆန်းရက်မှ စတင်ကာ ရခိုင်နှင့် ဧရာဝတီအစပ်သို့ နေ့စဥ်တိုင်း လက်နက်ကြီးများပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

မြောက်စမ်းကျေးရွာအနီးတွင် အခြေစိုက်ထားသောအမြောက်တပ်မှ နေ့စဥ်အချက်ရေများစွာပစ်ခတ်နေသောကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

“ရွာတွေမှာချမ်းသာတဲ့သူတွေကတော့မြို့ဘက်ကို​ရှောင်ကုန်ကြပြီ. သူတို့နေ့တိုင်းပစ်ခတ်နေတော့ နေရတာစိတ်မလုံခြုံတော့ဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

အမြောက်တပ် ၃၄၄ အနီးတွင် မြောက်စမ်း၊ တောင်စမ်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဖန်ခါးပြင်စသည့်ကျေးရွာများရှိပြီး ဒေသခံများနေ့စဥ် ထိတ်လန့်စွာနေထိုင်နေရပြီး လယ်ယာနှင့် သစ်တောတွင်းထင်းရှာသည့် အလုပ်များရပ်ဆိုင်းထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အမြောက်တပ် ၃၄၄ အနိီး၀န်းကျင် ကျေးရွာမျာမှ နေအိမ်များကို ဗုံးခိုကျင်းတူးခြင်းနှင့် စစ်ဘေးရှောင်ခြင်းများမပြုရန် အုပ်ချုပ်ရေးမှူးများမှ လိုက်လံအမိန့်ပေးထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ၏အ​မြောက်တပ်(ပုံဟောင်း)

#ရေကြည်မြို့ #၃၄၄အမြောက်တပ် #ရခိုင် #ဧရာဝတီအစပ် #လက်နက်ကြီး #နေ့စဥ်ပစ်ခတ် #Ayeyarwaddy_Times