မအူပင်မြို့တွင် မှုခင်းသတင်းထောက်များ စစ်ကောင်စီနဲ့ပေါင်းပြီး ကင်းလှည့်ကာ ပြည်သူ့တွေကိုခြိမ်းခြောက်ခံနေ

အောင်မြသန်း / ဧရာဝတီတိုင်းမ်

(မအူပင်)၊ သြဂုတ် ၂၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းသတင်းထောက်တွေနဲ့ပေါင်းပြီး ကျေးရွာ တွေကို ကင်းလှည့်တာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။

ကျွဲဒုံးကျေးရွာအုပ်စု၊ ကျုံနတ္တော်ကျေးရွာနဲ့ ရွှေလှေသောင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေက မှုခင်း သတင်းထောက် လွင်ကိုဖြိုးနဲ့ပေါင်းပြီး ကင်းလှည့်တာတွေပြုလုပ်သလို

မှုခင်းသတင်းထောက်တွေကိုကလည်း စစ်ကောင်စီတပ်အားကိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ သူက အာဏာမသိမ်းခင်ထဲက မှုခင်းသတင်းထောက်ဆိုပြီး ရွာတွေမှာ ဆက်ကြေးတောင်းသလို ပိုက်ဆံ လိုက်တောင်းနေတာ လယ်ယာမြေကိစ္စတွေကိုဝင်ရှုပ်ပြီး လုပ်စားနေတာ ၁၉

ရက်နေ့က စစ်ကောင်စီတပ်နဲ့ အဲ့ မှုခင်းသတင်းထောက် လွင်ကိုဖြိုးဆိုတဲ့သူက လမ်းပြလိုက်လာပြီး ရွာထဲမှာပါဝါပြတာပေါ့ ရွာသားအချို့ကို ဖမ်းပြီးတော့ စစ်တာမျိုးလည်းလုပ်တယ်”လို့

ကျွဲဒုံး ကျေးရွာအုပ်စုနေ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မှုခင်းသတင်းထောက်ဆိုသူက သတင်းထောက်အလုပ်မလုပ်ဘဲ စစ်ကောင်စီတပ်နဲ့ပေါင်း လမ်းပြလုပ်နေသလို ပြည်သူတွေကို ဒေသခံတွေအပေါ်

ခြိမ်းခြောက်တာတွေပြုလုပ်တာခံနေရတယ်လို့‌ ဆိုပါတယ်။

ဒါ့ပြင် ရွာထဲက တီဗွီရှိတဲ့နေအိမ်တွေကိုလည်း ဝင်ရောက်စစ်ဆေးကာ စစ်ကောင်စီဝါဒဖြန့်ရုပ်သံလိုင်းတွေ ဖြစ်တဲ့ မြဝတီနဲ့ မြန်မာ့အသံရုပ်သံလိုင်းတွေကိုသာကြည့်ဖို့နဲ့

အခြားရုပ်သံလိုင်းတွေကြည့်ရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။