
“အောက်ခြေစစ်သားတွေက ငတ်ပြတ်နေပြီ၊ ဘယ်သူမှ မတိုက်ချင်တော့ဘူး”
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
မွန်ပြည်နယ်ရှိ တပ်မ ၄၄ လက်အောက်ခံ ကျိုက်ထိုမြို့အခြေစိုက် အမှတ် – ၂ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးမှာ ယခုလအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ
ဝေါလေဒေသတိုက်ပွဲတွင် လူသတ် အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကော်ဘရာစစ်ကြောင်းထံ လက်နက်ချ အလင်းဝင်ကာ ပြည်သူနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအား ဧရာဝတီတိုင်းမ်သတင်းဌာနမှ တွေ့ဆုံကာ အာဏာသိမ်း စစ်တပ်၏ အောက်ခြေတွင်ဖြစ်ပျက်နေသော အခြေအနေများကို
မေးမြန်းရိုက်ကူးထားပါသည်။
#CDM #စစ်သား #အလင်းဝင် #ကော်ဘရာစစ်ကြောင်း #ခမရ #Ayeyarwaddy_Times