
ဟင်္သာတမြို့နယ်မှာ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ေဒသခံတွေဆီကသိရပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်းက ဒူးယားကျေးရွာနဲ့ လက်ပံစုကျေးရွာအနီးမှာ ဆိုင်ကယ်ထဲက ဗုံးပေါက်ကွဲလို့ လူငယ် ၂ ဦးသေဆုံးခဲ့သလို ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ
အသက် ၈၀ ကျော်အရွယ် အမျိုးသား ၁ ဦးရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်သံ – ဧရာဝတီတိုင်းမ်