တွံတေးမြို့နယ်မှာ လှည့်ကင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ အပစ်ခံရလို့ ၇ ဦးသေဆုံးပြီး ပစ်ခတ်မှုများဆက်ဖြစ်နေ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၂ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက် လှည့်ကင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ အလစ်ဝင်ပစ်ခံရလို့ ၇ ဦးလောက်သေဆုံးတယ်လို့

မြေပြင်သတင်းတွေအရ သိရပါတယ်။

တွံတေးမြို့နယ်နဲ့ မအူပင်နဲ့ကြားက သဝင်းတောကျေးရွာနားမှာ ခရိုင်ရဲမှူးဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်တဲ့ လှည့်ကင်းအဖွဲ့ပစ်ခတ်ခံရတာဖြစ်ပြီး

ဆက်လက်ပစ်ခတ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှည့်ကင်းအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တဲ့အဖွဲ့ကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်က မအူပင်နဲ့ တွံတေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို

ပိတ်ဆို့ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ၇ ဦးဟာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က ဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုပေမယ့် အတည်ကျကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်မှုအခြေအနေတွေနဲ့ သေဆုံးမှုစာရင်းကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။