ဆောမြို့ပေါ် မိသားစုလိုက် ပစ်သတ်ခံရမှုအပေါ် ဒေသတွင်းတော်လှန်ရေးအင်အားစုများက YDF (Saw) ကို ရှုတ်ချဟုထုတ်ပြန်

ဧရာဝတီတိုင်းမ်

ဩဂုတ် ၂၂ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ပေါ်ကနေအိမ် တခုအား ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးအပါအဝင်

မိသားစုဝင် ၆ ဦးသေဆုံးခဲ့ရမှုအပေါ် ဆောမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့အပါအဝင် ဒေသတွင်းတော်လှန်ရေးအင်အားစု ၆ ဖွဲ့မှ ပူးပေါင်း၍ YDF(Saw) ကို ရှုတ်ချကြောင်း ယနေ့

သြဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန် သည်။

YDF (ဆော)အဖွဲ့မှာ ဒလန်ရှင်းလင်းသုတ်သင်ရေးခေါင်းစဉ်ဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်များပါဝင်သည့် မိသားစုတစ်စုလုံးကို သတ် ဖြတ်ပြီး ပစ္စည်းများ

လုယက်ယူငင်ခြင်းကို YDF (Saw) က ကျူးလွန်ခဲ့ကြောင်း ကြားသိရကြောင်းမဟာမိတ်အဖွဲ့များက ဆိုသည်။

ဖြစ်စဥ်တွင် ကျူးလွန်ခဲ့သော YDF (Saw) အဖွဲ့အစည်းသည် စစ်ဆေးမေးမြန်းခြင်း၊ အတည်ပြုခြင်း တစ်စုံတရာမရှိဘဲ ယခုကဲ့သို့အဆင်ခြင်မဲ့စွာ ပစ်ခတ်ခဲ့သဖြင့်ရှုတ်ချကြောင်း

ထုတ်ပြန်ချက်တွင်ပါရှိသည်။

သေဆုံးသူများမှာ ဦးခင်မောင်လင်း (အိမ်ရှင် ၆၁ နှစ်)၊ ဦးဇော်ဌေး (ဦးခင်မောင်လင်း၏ညီ ၅၈ နှစ်)၊ ဦးအောင်သိန်းဝင်း(ရပ်ကွက်ထဲမှ TVလာကြည့်သူ ၅၂ နှစ်)၊ ဒေါ်ယဥ်ငွေ

(ဦးခင်မောင်လင်း ဇနီး ၅၉ နှစ်)၊ ဒေါ်ခင်မာသက် (အိမ်ရှင် ၏ ချွေးမ ၃၇ နှစ်)၊ မသက်အေးငြိမ်း (ဦးခင်မောင်လင်းမြေး ၁၃ နှစ်) တို့ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာ ရသူများမှာ ဦးခင်မောင်ကြည် (ရပ်ကွက်နေပြည်သူ) လက်မောင်း ဒူးဆစ် ကျည်ထိမှန်ဒဏ်ရာရ၊ မောင်မြတ်ဘုန်းခန့်နိုင် တင်ပါးကျည်ထိမှန်ဒဏ်ရာရ (မစိုးရိမ်ရ) အသက်

၁၇ နှစ် တို့ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အား ဒေသတွင်းတော်လှန်ရေးမဟာမိတ်အင်အားစုများဖြစ်သည့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

(LSRPDF)၊ ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Saw PDF)၊The Youth Force (Saw & Kyaukhtu) ၊ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K.T.U Region)၊ကိုရီးယားရောက်

ယောသူ/ယောသားများ အဖွဲ့တို့ကပူးတွဲထုတ်ပြန်ထားသည်။

ယခုဖြစ်စဥ်နှင့်ပတ်သက်၍ YDF. ဗဟိုအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး စုံစမ်းမှုများ ပြီးစီးပါက ကြေညာချက်ထုတ်ပြန်သွားမည်ဟု ဧရာဝတီတိုင်းမ်သတင်းဌာနကို

ပြောဆိုထားသည်။

#AyeyarwaddyTimes