ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ဆိုက် ရောက်လာမှုကို မြောက်ကိုရီးယားနိုင်ငံက ယနေ့ ရှုတ်ချခဲ့ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မည်သည့် ကာ ကွယ်ရေးနည်းလမ်းကိုမဆို အသုံးပြုမယ်လို့ ပြောပါတယ်။

ရေငုပ်သင်္ဘော ဆိုက်ရောက်လာမှုက မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ မ ပြောင်းလဲသော ရူးသွပ်မှုကို ဖော်ပြတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ အန္တရာယ်များသော ရန်လိုတဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ မိမိတို့ အ လွန်အမင်း စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်က ဆိုပြီး မတည်ငြိမ်မှု ဖြစ်စေနိုင်တဲ့ ရန်လိုသော အပြုအမူ တွေိကို ရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ လော့အိန်ဂျလိစ်အတန်းအစား တိုက်ခိုက်ရေး ရေငုပ် သင်္ဘောတစ်စင်းဖြစ်တဲ့ USS Alexandria ဆိုက်ရောက်လာပြီး နောက်တစ်ရက်မှာ မြောက်ကိုရီးယားက အခုလို ထုတ်ပြန်ခဲ့တာပါ။

မြောက်ကိုရီးယားစစ်တပ်က အမေရိကန်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေ ပြီး အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ အစီအမံအားလုံး လုပ်ဆောင်ဖို့ ပြင်ဆင် ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြောက်ကိုရီးယား နျူကလီးယားတပ်ဖွဲ့ကို အင်အားတိုးချဲ့ဖို့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်က စ နေနေ့မှာ ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်နိုင်ငံက ကမ္ဘာမှာ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေ တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ဆက်လက်ပြုလုပ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြီးနောက် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ကိုးကား – Anadolu
Ref; North Korea warns US over nuclear submarine in South

#Ayeyarwaddy_Times