ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

လူကုန်ကူးမှုစွဲချက်တွေနဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိ (၃) ဦးကို ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းမယ်လို့ ထိုင်းအစိုးရက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုံနဲ့ ဗိုလ်မှူး တင်ဝင်းတို့အတွက် ရာဇဝတ်ခုံရုံး က ဖမ်းဝရမ်းထုတ်ပေးရေး တောင်းဆိုဖို့ အထူးစုံစမ်းစစ်ဆေးရေးဌာနမှာ အထောက်အထား အပြည့်အစုံ ရှိတယ်လို့ The National သတင်းစာက တရားရေးဝန်ကြီး တာဝီးဆော့ဆောင်ကို ကိုးကားပြီး ဖော်ပြပါ တယ်။

မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖြစ်စဉ်တွေ ကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ အကြီးတန်းအရာရှိတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံက ကြိုး ပမ်းတာပါ။

ဖမ်းဝရမ်းထုတ်တဲ့အမှုဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ မသက်ဆိုင်ပဲ အမှုကိုထောက်လှမ်းမှုဟာ မကြာသေးမီက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့တဲ့ တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးကြောင့် မ ဟုတ်ဖူးလို့ တာဝီးဆော့ဆောင်က ပြောပါတယ်။

လူကုန်ကူးမှုမှာ နိုင်ငံခြားသား အများအပြား ပါဝင်ခဲ့တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

လူမှောင်ခိုကူးမှုကြောင့် နိုင်ငံတကာရဲ့ အလေးထားမှုရရှိခဲ့တဲ့ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်း တွေ ရပ်တန့်စေဖို့ ထိုင်းနိုင်ငံဟာ မကြာသေးမီက မြန်မာနယ်စပ်သို့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့ပါတယ်။

ဓာတ်အားဖြတ်တောက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ လောင်စာဆီ မှောင်ခိုကူးဖို့ ကြိုးစားသူ တွေကို ထိုင်းရဲတပ်ဖွဲ့နဲ့စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန TPBS က ဖော်ပြပါ တယ်။

ကိုးကား – Anadolu
Ref; Thailand to seek arrest warrants for officers of Myanmar border forces

#Ayeyarwaddy_Times