ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနအောက်ရှိ အေဂျင်စီတစ်ခုဖြစ်သည့် ရဲအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI)သည် လူကုန်ကူးမှု အထောက်အထားများကိုစုဆောင်းပြီး အစိုး ရရှေ့နေရုံးသို့ တင်သွင်းရန် ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံ တရားရေးဝန်ကြီး ရဲဗိုလ်မှူးကြီး ထာဝီဆော်ဆွန်းကပြောကြားခဲ့သည်။
DSI သည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် ဗိုလ်မှူး ကြီးမိုးသက်ထွန်း၊ ဗိုလ်မှူးတင်ဝင်းနှင့် အခြား BGF ခေါင်း ဆောင်များကို ဖမ်းဝရမ်းထုတ်နိုင်ရန် အချက်အလက်များစုဆောင်း ပြင်ဆင်နေခြင်းဖြစ်သည်။
ရဲဗိုလ်မှူးကြီး ထာဝီဆော်ဆွန်းက စောချစ်သူနှင့် အဖွဲ့ကို ဖမ်းဆီးရန် မခက်ခဲကြောင်း နှင့် အရေးကြီးသည့်အချက်မှာ နိုင်ငံကိုအုပ်ချုပ်နေသူများက လုပ်ဆောင်လိုသည့် ဆန္ဒရှိရန်သာလိုအပ်ပြီး ၎င်းတို့အနေဖြင့် ကျားဖြန့်ကိစ္စကို နိုင်ငံအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အသိအမှတ် ပြုပါက ပူးပေါင်းဆောင်ရွက်မှုမှာလည်း မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောဆိုခဲ့သည်။
“ဒီရာဇဝတ်မှုတွေက နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အဓိကပါ၀င်သူတွေ သွေးဆောင်လှုံ့ဆော်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ကို ပစ်မှတ်ထားဆောင် ရွက်ရမှာ ဖြစ်ကြောင်းကိုအလေးထား ပြောကြားလိုပါတယ်။ လူကုန်ကူးခံရသူတွေနဲ့သာ ထိတွေ့ဆောင်ရွက်နေပါက ပြဿနာရဲ့ အဓိကအကြောင်းရင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု တရားရေးဝန်ကြီး ရဲဗိုလ်မှူးကြီး ထာဝီဆော်ဆွန်က ပြောကြားခဲ့သည်။
ဖမ်းဝရမ်းထုတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များတွင် သံသယရှိသူများကို ပထမဦးစွာဖမ်းဆီးရန် လိုအပ်လေ့ရှိကြောင်း သိရပြီး လူကုန်ကူးမှုသည် အာဆီယံနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဖြစ်သည့်အတွက်ကြောင့် မည်သည့်နိုင်ငံကမှ ရာဇဝတ်သားများကို ခိုလှုံခွင့်ပေးမည်မဟုတ်ဟု မျှော်လင့်မိကြောင်းလည်း တရားရေးဝန်ကြီးက ဆက်လက် ပြောဆိုထားသည်။
ထို့ပြင်ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေးကို ညှိနှိုင်းသွားမည်ဖြစ်ပြီးယခု ဖမ်းဝရမ်းထုတ်ပြန်နိုင်ရေးကိစ္စရပ်မှာလည်း DSI ၏ ကိုယ်ပိုင်စုံစမ်းတွေ့ရှိချက်များအပေါ် အခြေခံထားပြီး အဆိုပါပုဂ္ဂိုလ်များမှာ ပြည်သူများကြားတွင် ထင်ရှားသူများဖြစ်သည့်အတွက် သေချာစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) နှင့် အခြားအေဂျင်စီများမှလည်း အခြားသောအချက် အလက်များကို စုဆောင်းရရှိထားပြီး နောက်ထပ်စုံစမ်းစစ်ဆေးရေး အဆင့်များတွင်လည်း ငွေကြေးခဝါချမှုများ နှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကိုပါ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ယခုလူကုန်ကုန်ကူးမှုဖြစ်စဉ်များ နှင့် ငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပါတ်သတ် နေသည့် တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဝရမ်းထုတ်သွားမည်ဖြစ်ပြီး တရုတ်သံအမတ် နှင့်လည်း နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ် နေကြောင်း သိရသည်။
ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် နှင့် နိုင်ငံတော်လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနှင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ရန်စီမန်ရိုးမ်ကလည်း စောချစ်သူသည် နိုင်ငံဖြတ်ကျော် ရာဇဝတ် မှုများတွင် အဓိကကျသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ထိုင်းနှင့် မြန်မာကြားရှိ မသမာသည့် ငွေကြေးလုပ်ငန်းများနှင့် လာဘ်ပေးလာဘ်ယူမှုများတွင် ကြီးမားစွာ ပါဝင်ပတ်သက်နေသည့်အတွက် ၎င်းကို ဖမ်းဝရမ်းထုတ်ခြင်းသည် မှန်ကန်သည့် ချဉ်းကပ်မှုနည်းလမ်းဖြစ်ကြောင်း ပြောကြားထားသည်။
ကိုးကား – Khaosod English
#BGFခေါင်းဆောင် #စောချစ်သူ #Ayeyarwaddy_Times