ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီလ ၁၂ ရက်

ချင်းပြည်နယ်၊ ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီတပ် ပွိုင့် – ၃ စခန်းတွင် တာဝန် ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား လေးဦးသည် ချင်းအမျိုးသားတပ်မတော်(CNA)ထံ လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ချင်းအမျိုးသားတပ်မတော်(CNA)ထံ အလင်းဝင်ရောက်လာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦးသည် စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရသော စစ်ကောင်စီတပ်သားများဖြစ်ကြောင်းသိရပြီး အလင်းဝင်ရောက်လာသူများကို ဆုငွေချီးမြင့်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/A)သတင်းများကို ဖော်ပြသော Chinland Information Center က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ချင်းအမျိုးသားတပ်မတော်(CNA)ထံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦးအလင်းဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး ပြောခွင့်ရဆလိုင်းထက်နီကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်သွယ် ၍ မရပေ။

စစ်မှုထမ်းမထမ်းမနေရ ဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တပ်ဖွဲ့ဝင် လေး ဦးသည် ချင်းအမျိုးသားတပ်မတော် CNA ထံ လက်နက် သုံးလက်နှင့် ခဲယမ်း အပြည့်အစုံနှင့်အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က အလင်းဝင်ရောက်ခဲ့ကြောင်း Chinland Information Center ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ-CNAထံ အလင်းဝင်ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#ချင်းအမျိုးသားတပ်မတော်CNA #စစ်ကောင်စီတပ်သား၄ဦး #လက်နက်များ #အလင်းဝင် #Ayeyarwaddy_Times