ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ စမ်းရွာကြီးကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာတွင် ခင်ပွန်းသည်က ဇနီးဖြစ်သူကို ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း ဒေသခံများထံကသိရသည်။

ဦးမင်းအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉နာရီဝန်းကျင်က စကားများ ရန်ဖြစ်ရာတွင် ဦးမင်းအောင်က ဇနီးဖြစ်သူ၏ လည်ကုပ်ကို ဓားဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ရန်ဖြစ်ဆူညံနေတော့ အနီးအနားက ဆွဲဖို့ သွားကြတယ်၊ သူ့(ဦးမင်းအောင်)လက်ထဲမှာ ဓားကိုင်ထားပြီး အိမ်ပေါ်ဘယ်သူ့မှ အတက်မခံဘူး။ လည်ပင်းကုပ်ကို ဓားနဲ့ခုတ်ထားတာ။ အဲမှာတင် သွေးထွက်လွန် ပက်လက်လန်ပြီး သေဆုံးနေတာတွေ့ရတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ဒေါ်ဇင်မာဦး၏ အလောင်းကို မြန်အောင်မြို့၊ အင်ပင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ခင်ပွန်း ဖြစ်သူ ဦးမင်းအောင်ကို ရာဇသတ်ကြီးပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

ထိုသို့ ဇနီးဖြစ်သူအား သတ်ဖြတ်ခဲ့သည့် ဦးအောင်မင်းသည် စိတ်ကျန်းမာရေး ချို့တဲ့သူတစ်ဦး ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပုံစာ- အသတ်ခံရသူ ဒေါ်ဇင်မာဦး

#မြန်အောင် #ခင်ပွန်းသည် ဇနီးဖြစ်သူ #ဓားဖြင့် #လည်ပင်းခုတ်သတ် #Ayeyarwaddy_Times