
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့ ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီးရှိ သေနတ်ပစ်ကွင်းတစ်ခုမှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြု လုပ်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ယနေ့ ပြောပါတယ်။
သီတင်း (၃) ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို ကိုရီးယားနှစ်နိုင်ငံကို နယ်နိမိတ်ခွဲခြားထားတဲ့ စစ်မဲ့ ဇုန်ရဲ့တောင်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ ပိုချွန်မြို့ရှိ သေနတ်ပစ်ကွင်းမှာ ယနေ့ စတင်ခဲ့တာပါ။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်နဲ့ စစ်လက်နက် ၁၅၀ ခန့် ပါဝင်တယ်လို့ တောင် ကိုရီးယားစစ်တပ်က ဆိုပါတယ်။
K1A2 တင့်ကားတွေ၊ Stryker တိုက်ခိုက်ရေးယာဉ်တွေ၊ M777A2 ဟောင်ဝှစ်ဇာအမြောက်တွေ၊ အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ A-10 တိုက်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပြု လုပ်ဖို့ နှစ်နိုင်ငံတပ်ဖွဲ့တွေကို ပူးပေါင်းတပ်ဖွဲ့တွေအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံစစ်တပ်တွေရဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်ဖို့နဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ ရည်ရွယ်ပါတယ်။
ယခင်ကလည်း တောင်ကိုရီးယားတပ်ဖွဲ့ဟာ အမေရိကန်စစ်တပ်နဲ့ အလားတူ ပူးတွဲစစ်ရေးလေ့ ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Yonhap
Ref; S. Korea, U.S. hold live-fire drills near border with N. Korea
#Ayeyarwaddy_Times