ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ငါး ဦးသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့အနောက်ခြမ်း ဝင်း ထရံလုပ်ကွက်ထဲကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအရပ်သားများကို ထိခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဝင်းထရံကျောက်မျက်လုပ်ကွက်ထဲကို ကြဲတာ။ အဲဒီလုပ်ကွက်က ကျောက်အထွက် အများဆုံးပဲ။ ပြည်ခိုင်ဖြိုးပါတီဝင် ပလောင်အမတ် ပိုင်တဲ့လုပ်ကွက်”ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုးကုတ်အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေ အနေကို ဆက်လက်ဖော်ပြသွားမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတောာ် (TNLA) က ကနဦး သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက မိုးမြို့ကို လေကြောင်း ၇ ကြိမ်တိုင် ဗုံးအလုံး ၃၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး လတ်တလောအခြေအနေတွင် ပြည်သူ ငါး ဦးသေဆုံးကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များထိ ခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှု ရှိခဲ့ကြောင်း သိရ သည်။

ပုံစာ-စစ်ကောင်စီက မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်
#မိုးကုတ် #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #ဒေသခံ #သေဆုံး #Ayeyarwaddy_Times