ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ရန်ကုန်တိုင်း‌၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်း၌ ချုပ် ထားသည့် အချုပ်သား လေးဦးလွတ်မြောက် သွားသည့်အတွက် တာဝန်မှူးနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရကြောင်း သိရသည်။

အချုပ်သားလေးဦးသည် ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက သော့ဖျက်၍ ထွက်ပြေးလွတ် မြောက်သွားသည့်အတွက် တာဝန်ကျသည့် တာဝန်မှူးနှင့် ရဲအချို့ဖမ်းဆီးခံထားရကြောင်း သိရသည်။

“ဂျူတီကျတဲ့ တာဝန်မှူးနဲ့ ကင်းစောင့်ရဲတွေအကုန် ဖမ်းစစ်ခံနေရတယ်။ ဟိုကောင်တွေကိုတော့ ပိုက်စိပ် တိုက်ရှာနေတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားလေးဦးမှာ မူးယစ်ဆေးဝါးမှုဖြင့်နှစ်ဦး၊ ခိုးမှုဖြင့်ဖမ်းဆီးခံ ထားရသူ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဒေါပုံမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်စွဲထားပြီး အနီး နား၌လည်း ကင်းပုန်းများချထားသည့်အတွက် အချုပ်ဖောက်ထွက် ပြေးမှုအပေါ် ယင်းနေ့က တာဝန်ကျထားသည့် တာဝန်မှူးနှင့် ရဲများကို အထူး စစ်ဆေးနေကြောင်း သိရသည်။

ဒေါပုံနှင့် သာကေတမြို့နယ်တွင် နာမည်ထွက်နေသည့် လူမိုက်ဂိုဏ်းများကြီးစိုး၍ မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြပြီး ခိုးမှုနှင့် လုယက်မှုများလည်း မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

#ရန်ကုန် #ဒေါပုံ #အချုပ်ခန်း #ဖောက်ထွက်ပြေး #တာဝန်မှူး #ရဲဝန်ထမ်း #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times