ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ရနောင်းပြည်နယ်အလွန် ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းဆီးမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာငါး ဖမ်းသမားတွေကို စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရေတပ်ဟာ သောကြာနေ့က ရနောင်းပြည်နယ်ကမ်းလွန် ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်း တဲ့ မြန်မာအမှုထမ်းတွေပါသော ငါးဖမ်းလှေနှစ်စင်းကို ဖမ်းဆီးခဲ့ပါတယ်။

ငါးဖမ်းလှေတွေပေါ်မှာ မြန်မာနိုင်ငံသား (၇) ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ရှာဖွေကာ ၎င်းတို့ရဲ့ မို ဘိုင်းဖုန်းတွေကို စစ်ဆေးမှုပြုလုပ်ဖို့ သိမ်းယူခဲ့ပါတယ်။

ငါးဖမ်းလှေတစ်စင်းမှ ရေယာဉ်မှူးလုပ်သူထံမှာ ရေကြောင်းဆိုင်ရာ စာရွက်စာတမ်းတွေ မရှိသ လို လှေမှာ အလံမလွှင့်ထူထားတာကို တွေ့ရှိခဲ့ပါတယ်။ နောက်ထပ်ငါးဖမ်းလှေကို ရှာဖွေရာမှာ ငါးဖမ်း ကိရိယာတွေ မတွေ့ရှိခဲ့သလို တရားမဝင် ငါးခိုးဖမ်းထားတယ်လို့ သံသယဖြစ်စေခဲ့ပါတယ်။

ဒုတိယမြောက် ငါးဖမ်းလှေမှာ အင်ဂျင်သုံးလုံးတပ်ထားပြီး လီတာ ၂၀၀ ပါ ဒီဇင်ပေပါ (၈) လုံး တင်ဆောင်ထားပါတယ်။

ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ မှတ်ပုံတင်မရှိမှု၊ လောင်စာဆီ မှောင်ခိုကူးမှုနဲ့ ငါး ဖမ်းလှေတွေပေါ်ပါ မြန်မာနိုင်ငံသားတွေကို တရားစွဲဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃၀ ရက်မှာ မြန်မာရေတပ်မှ စစ်သင်္ဘောတစ်စင်းက ရနောင်းကမ်းလွန် မှာ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ခဲ့ရာ ငါးဖမ်းသမားတစ်ဉီး ရေနစ်သေဆုံးခဲ့ပြီး အမှုထမ်း ၃၁ ဉီးကို ဖမ်းဆီးခဲ့ပါတယ်။

ကော့သောင်းမြို့မှာ ထိန်းသိမ်းခံထားရတဲ့ ထိုင်းငါးဖမ်းသမား (၄) ဉီး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေဆဲလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar boat crews arrested in Thai waters

#Ayeyarwaddy_Times