ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ဘိလပ်မြေဈေး နှစ်ဆကျော်မြင့်တက်လာပြီးနောက် ကုန်ထုတ်လုပ်မှုတိုး မြှင့်နိုင်ရန်နှင့် ဘိလပ်မြေ စက်ရုံလည်ပတ်နိုင်ရန်အတွက် ယခု ဖေဖော်ဝါရီလမှစတင်ကာ ပြည်ပမှ ကျောက်မီးသွေး တင်သွင်း နိုင်ရန် လိုင်စင်လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ပြည်တွင်းရှိစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိလပ်မြေ စက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောစက်မှုကုန်ကြမ်းဖြစ်သည့် ကျောက်မီး သွေးများ တင်သွင်းနိုင်ပြီး လိုအပ်မှုရှိသော ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များ လျှောက်ထားနိုင်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းတွင် ဘိလပ်မြေထုတ်လုပ်သည့် ပုဂ္ဂလိကစက်ရုံ ၁၆ ရုံနှင့် နိုင်ငံပိုင်စက်ရုံ သုံး ရုံရှိပြီး လောင်စာအတွက် သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးကိုအများဆုံးအသုံးပြုကြောင်းသိရသည်။

ကျောက်မီးသွေးအများဆုံးထွက်ရှိရာ စစ်ကိုင်းတိုင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များထိန်းချုပ်ထားမှုအပါအဝင် စစ်ကောင်စီနှင့် တိုက်ပွဲများမကြာ ခဏဖြစ်ပွားခြင်း၊ စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်လေ့ရှိကြောင်းသိရသည်။

ထို့ပြင်သတ်မှတ်ကာလအတွင်း လျာထားချက်အတိုင်း ကျောက်မီးသွေးတူးဖော်ထုပ်လုပ်ရေးနှင့် သယ်ယူနိုင်ရေးရန် အခက် အခဲများရှိကြောင်း သိရသည်။

ထိုသို့ကျောက်မီးသွေးလိုအပ်ချက်အပြင် ဘိလပ်မြေထုတ်လုပ်ရာတွင်ပါဝင်သောကုန်ပစ္စည်း ဂေါဒန် ကျောက် ထွက်ရှိရာ ရှမ်းပြည်နယ်မောက်မယ်ဒေသနှင့် သီပေါဒေသတို့တွင် တိုက်ပွဲများရှိနေသဖြင့် ဘိလပ်မြေထုတ်လုပ် မှုကျဆင်းသွားကြောင်းဧဂရာ၀တီတိုင်းမ်အနေဖြင့် စုံစမ်းသိရသည်။

ပွင့်လင်းရာ သီဆောက်လုပ်ရေးလုပ်ငန်းအများအပြားလုပ်ကိုင်ချိန်တွင် ဘိလပ်မြေဈေးနှုန်းသည် တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ မှ ကျပ် ၃၀၀၀၀ အထိဈေးမြင့်တက်လာပြီး လက်ရှိတွင်လည်း ဘိလပ်မြေတစ်အိမ်ဈေး ကျပ် ၂၀၀၀၀ ကျော်တွင်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရသည်။

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံ ၁၉ ရုံမှ တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၇ သန်းမှ ၉ သန်းခန့်ထိ ထုတ်လုပ် နိုင်သော်လည်း ပြည်ပမှ တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁ သန်းခန့် တင်သွင်းနေရပြီး စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရန် အရည်အသွေးပြည့်မီအောင်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း စစ်ကောင် စီ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆိုထားသည်။

ကျောက်မီးသွေးသည် သဘာဝပတ်ဝန်းကျင်ကိုဆိုးကျိုးဖြစ်စေသဖြင့် သယ်ဆောင်အသုံးပြုရာတွင် စနစ်တကျဖြစ်ရန်လိုအပ်ပြီး စွန့်ပစ်ပစ္စည်း ဓာတ်ငွေ့များ၊ အမှုန်များ၊ ပြာများနှင့် အနံ့အသက်များကြောင့် ပတ်ဝန်းကျင်ရှိပြည်သူများ ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူများ ထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကုန်ထုတ်လုပ်ရန် #ဘိလက်မြေစက်ရုံလည်ပတ်နိုင်ရန် #ပြည်ပမှကျောက်မီးသွေးတင်ပို့နိုင် #‌လိုင်စင်လျှောက်ရမည် #Ayeyarwaddy_Times