ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

တရုတ်နဲ့မြန်မာဟာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တယ်လို့ တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ဖေဖော်ဝါရီလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်ဘိုကီးယား၊ ထိုင်းဝန်ကြီးချုပ် ပေ ထောင်တန်ရှင်နာဝပ်ထရာတို့နဲ့ တွေ့ဆုံပြီး ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာဆီယံရဲ့ အများယုံ ကြည်လက်ခံနိုင်စွမ်းကို ထိခိုက်စေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ သီးခြားဆွေးနွေးခဲ့တာ ရှိ မရှိဆိုတာ ကို အန်တာရာသတင်းဌာနက မေးမြန်းရာမှာ သူက အခုလို ဖြေကြားခဲ့တာပါ။

ရှီကျင့်ဖျင်က တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်နေတဲ့ ဘရူနိုင်းဘုရင်၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး နိုင်ငံတကာနဲ့ ဒေသတွင်းရေးရာ ကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ၎င်းက ဆို ပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်က အလွန်ပင် ရှင်းလင်းပါတယ်လို့ လင်ကျင်းက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံက အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်နဲ့မူဝါဒကို လိုက်နာပြီး လွတ် လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ် စောင့်ရှောက်တဲ့ မြန်မာနိုင်ငံရဲ့ကြိုးပမ်းမှုကို ပံ့ပိုးကူညီကာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးရဲ့ နိုင်ငံ ရေး ပြန်လည်ရင်ကြားစေ့ရေး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်မှုကို အားပေးကာ နိုင်ငံရေး အသွင်ကူး ပြောင်းမှု ပြန်လည်စတင်ရာမှာ မြန်မာနိုင်ငံကို ထောက်ခံတယ်လို့ သူက ပြောပါတယ်။

စည်းလုံးညီညွတ်မှု ထိန်းသိမ်းရေး၊ မြန်မာ့အရေး စေ့စပ်ညှိနှိုင်းမှုမှာ အဓိကတိုင်းပြည်အဖြစ် အ ပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရေးနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရရှိရေး အာဆီယံ ဘုံသ ဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေးမှာ တရုတ်နိုင်ငံက အာဆီယံအဖွဲ့ကို ထောက်ခံတယ်လို့ ၎င်းက ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ကိုးကား – http://us.china-embassy.gov.cn/eng
Ref; Foreign Ministry Spokesperson Lin Jian’s Regular Press Conference on February 7, 2025

#Ayeyarwaddy_Times