ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားတချို့ သော့ဖျက်၍ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခန့်က ဒေါပုံမြို့မရဲစခန်းအတွင်းရှိ အချုပ်သားများသည် အချုပ်ခန်းသော့ကိုဖျက်ကာ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

“ထွက်ပြေးသူတွေကို လိုက်ဖမ်းနေတုန်းပဲ။ မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အချုပ်သားများဖြစ်သည့် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင်(ခ)သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲ လင်းတို့ လေးဦး အချုပ်သော့ကိုဖျက်ကာ ထွက်ပြေး သွားပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ပုံစာ-ဒေါပုံမြို့မရဲစခန်း
#ရန်ကုန် #ဒေါပုံ #မြို့မရဲစခန်း #အချုပ်သား #အချုပ်ခန်း #ဖောက်ပြေး #Ayeyarwaddy_Times