ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် ထိုင်းနိုင်ငံမှပေးသည့် လျှပ်စစ်မီးပြန်လည်ပြန်လည်ရရှိစေရေးအတွက် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ် ငန်းများ မရှိစေရေးဆောင်ရွက်သွားမည်ဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က ပြောသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ကစတင်၍ ထိုင်း-မြန်မာနယ်စပ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးနှင့် လောင်စာတင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် DKBA က ဘုရားသုံးဆူမြို့အတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းများ အခြေချလုပ်ဆောင်နိုင်ခြင်း မရှိစေရန်ဆောင် ရွက်သွားမည်ဟု DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။

ကျားဖြန့်လုပ်ငန်းများ အခြေချလုပ်ဆောင်နိုင်ခြင်းမရှိစေရန်နှင့် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အမှတ် (၂) နည်းဗျူဟာအနေဖြင့် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဘုရားသုံးဆူမြို့အတွင်းတွင် တရားမဝင် အွန်လိုင်းငွေ ကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း များ လုပ်ဆောင်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံအစိုးရ၏ ယုံကြည်မှုရရှိမှသာ ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုများကို ယခင်အတိုင်း ပြန်လည်လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

သို့မှသာ ဘုရားသုံးဆူမြို့နေ ပြည်သူများ၏ လူမှုစီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေနိုင်မည်ဖြစ် သည်ဟု DKBA က ဆိုသည်။

ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနှင့် လောင်စာဖြတ်တောက်လိုက်သည့်အတွက် ဘုရားသုံးဆူမြို့အတွင်းရှိ ဒေသခံများ လူမှုစီးပွားရေး ထိခိုက်နစ်နာနေကြောင်း DKBA ကထည့်သွင်း ထုတ်ပြန်ထားသည်။

တရားမဝင်အွန်းလိုင်ငွေကြေး လိမ်လည်မှုနှင့် အွန် လိုင်းလောင်းကစားလုပ်ငန်းများ မရှိစေရေး သက် သေပြသည့်အနေဖြင့် တိုက်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ကျားဖြန့်လုပ်ငန်းများ ထိုင်း-မြန်မာနယ်စပ်တွင် တွင် တွင်ကျယ်ကျယ်လုပ်ဆောင်နေကြပြီး ပြန်ပေးဆွဲမှုများနှင့် လူမှောင်ခိုကူးသည့်လုပ်ငန်းများပါရှိလာနေသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းများကို ထိန်းချုပ်ပိတ်ပင်နိုင်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးနှင့် လောင်စာဆီများကို ထိုင်းနိုင်ငံက ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

#ဘုရားသုံးဆူ #လျှပ်စစ်မီး #ပြန်လည်ရရှိရေး #DKBA #ဆောင်ရွက်မည် #Ayeayarwaddy_Times