ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျင်းနဲ့ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဉက္ကဌ ကျောင်လီကျိတို့ဟာ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိတဲ့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင် နာဝပ်ထရာနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိ သူ လီကျင်းက ပြောပါတယ်။

အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်မှု တိုးမြှင့်ဖို့ဖြစ်ပြီး နှစ်ဖက်စလုံးက အမြင်ချင်းဖလှယ်ကာ အရေးပါတဲ့ ဘုံနားလည်မှုတွေ ရရှိ ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းမှ လူပေါင်းများစွာ အဓမ္မ ခိုင်းစေခံနေရတဲ့ ထိုင်းနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်တယ်လို့ စွပ်စွဲခံနေရမှုနဲ့ပတ်သက်လို့ အပတ်စဉ် မီဒီယာရှင်း လင်းပွဲမှာ အိန္ဒိယသတင်းဌာန PTI မှ သတင်းထောက်ရဲ့ မေးမြန်းမှုကို သူက အခုလို ဖြေကြားခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစားတွေ၊ ကျားဖြန့်ဖြစ်စဉ်တွေဟာ တ ရုတ်နဲ့ထိုင်း အပါအဝင် သက်ဆိုင်ရာတိုင်းပြည်များမှ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်ခဲ့ပြီး ဒေသတွင်းတိုင်းပြည်တွေကြား သာမန် အပြန်အလှန် လည်ပတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေ ခဲ့တယ်လို့ လီကျင်းက ပြောပါတယ်။

ရာဇဝတ်မှုတွေ၊ အွန်လိုင်းလောင်းကစားတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမှုဟာ ဒေသ တွင်းတိုင်းပြည်တွေရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ ရွေးချယ်ရမယ့် ပြည်သူအခြေပြု တွေးခေါ်စဉ်းစားမှုကို ဘယ်လို ဖော်ဆောင်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ သရုပ်ဖော်ပြသမှုတစ်လို့ ၎င်းက ရှင်း ပြပါတယ်။

ပြည်သူတွေရဲ့ အသက်၊အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ ဒေသတွင်းတိုင်းပြည်တွေကြား အ ပြန်အလှန်လည်ပတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ရေး မူဝါဒတွေ ချမှတ်ကာ ပြဿနာဖြစ်ပွားရ တဲ့ အကြောင်းရင်းတွေကိုဖြေရှင်းပြီး ရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် နယ်စပ်ဖြတ်ကျော် ဥပဒေချိုး ဖောက်သူတွေကို ဟန့်တားကာ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေ အဆုံးသတ်ဖို့ ထိုင်း၊ မြန်မာ၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ တရုတ်နိုင်ငံက လက်တွဲဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – http://us.china-embassy.gov.cn/eng
Ref; Foreign Ministry Spokesperson Lin Jian’s Regular Press Conference on February 7, 2025

#Ayeyarwaddy_Times