
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
တရားမဝင် အွန်လိုင်းငွေလိမ်မှုတွေ တိုက်ဖျက်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းနိုင်ငံက မြန် မာနိုင်ငံရှိ နယ်မြေ (၅) ခုသို့ ဓာတ်အားပေးပို့တာ ရပ်ဆိုင်းပြီးနောက် ဖြစ်နိုင်ဖွယ်ရာ အကျိုးသက်ရောက် မှုတွေကို ဟန့်တားဖို့ နယ်စပ်ထိန်းချုပ်မှုကို တင်းကျပ်လိုက်တယ်လို့ ဒုတိယဝန်ကြီးချုပ် ဝီချာရာချိုင်းက ပြောပါတယ်။
ထိုင်းနယ်ခြားစောင့်ရဲနဲ့ စစ်တပ်ဟာ နယ်စပ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက မူးယစ်မှောင်ခိုမှု၊ နယ်စပ်နဲ့ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်း မယ့် အစီအမံတွေကို အပြည့်အဝ ဖော်ဆောင်နေတယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာနယ်စပ်အနီး တက်ခ်ပြည်နယ် စစ်ဆေးရေးခရီးစဉ်တစ်ခုအတွင်း သူက အခုလို ပြောကြား ခဲ့တာလို့ သိရပါတယ်။
ထိုင်းနိုင်ငံက ဓာတ်အားဖြတ်တောက်ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေရှိ မြန်မာနိုင်ငံတွင်း နေ ရာတစ်ခုမှာ ဓာတ်အားသုံးစွဲမှု ထက်ဝက်ခန့် လျှော့နည်းသွားတယ်လို့ ၎င်းက ပြောပါတယ်။
ထိုင်း တယ်လီကွန်းထိန်းကျောင်းရေးအဖွဲ့က ဒီလအကုန်မှာ အင်တာနက်ချိတ်ဆက်မှုအားလုံး စစ်ဆေးမှာဖြစ်လို့ မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေ အင်တာနက်လိုင်း နှေးကွေးမှု ကြုံတွေ့ရမယ်လို့ ဝီ ချာရာချိုင်းက ရှင်းပြပါတယ်။
လူကုန်ကူးမှု၊ ကျားဖြန့်လုပ်ငန်းတွေ၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ အပါအ ဝင် တရားမဝင်လုပ်ငန်းတွေ အခြေစိုက်ရာ မြန်မာနိုင်ငံရှိ ပြည်နယ်သုံးခုမှာရှိတဲ့ နေရာ (၅) ခုသို့ ဓာတ် အား၊ လောင်စာဆီနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတာကို ဖြတ်တောက်ဖို့ ထိုင်း အမျိုးသားလုံခြုံရေး ကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။
ကိုးကား – Xinhua
Ref; Thailand tightens border control after cutting power supply to Myanmar
#Ayeyarwaddy_Times