ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ယူကရိန်းနိုင်ငံက ပြင်သစ်နဲ့နယ်သာလန်မှ ဂျက်တိုက်လေယာဉ်တွေ လက်ခံရရှိခဲ့ပြီလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံက ပြင်သစ်မှ Mirage 2000 တိုက်လေယာဉ်တွေအပြင် နယ်သာလန်မှ F-16 ဂျက် တိုက်လေယာဉ်တွေ လက်ခံရရှိခဲ့ပြီလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရုစတမ်အူမာရော့ဗ်က လူမှုကွန် ရက်မှာ ဝန်ခံခဲ့ပါတယ်။

အဆိုပါဂျက်တိုက်လေယာဉ်တွေဟာ မကြာမီ တိုက်ခိုက်ရေးမစ်ရှင်တွေ လုပ်ဆောင်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းသို့ အပြီးသတ်အနေနဲ့ Mirage 2000 တိုက်လေယာဉ် ဘယ်နှစ်စင်း ပေးပို့မယ်ဆိုတာ မ သိရပေမယ့် ဂျက်တိုက်လေယာဉ် (၆) စင်း ပေးပို့ခဲ့တာလို့ ပြင်သစ်မီဒီယာတွေက ဖော်ပြပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ပြင်သစ်နဲ့နယ်သာလန်ကို ဂျက်တိုက်လေယာဉ်တွေ ပေးပို့တဲ့အ တွက် ကျေးဇူးတင်ရှိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်တွေ တိုးတက်လာဖို့ ကူညီသူတိုင်းကို ကျေးဇူးတင်ရှိတယ်လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံ၊ ဗိုလ်ဂါဒေသမှာ တိုင်းပြည်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်မှာ အရေးပါတဲ့ အ ခန်းကဏ္ဍမှပါဝင်တဲ့ Yars တိုက်ချင်းပစ်ဒုံးကျည်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်နေ တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ စစ်လက်နက်တွေကို စမ်းသပ်ဖို့ ရည်ရွယ်ပြီး ရုရှားနိုင်ငံဟာ အလားတူ စစ်ရေးလေ့ကျင့်မှုကို ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Ukraine receives fighter jets from France, Netherlands

#Ayeyarwaddy_Times