ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ဧရာ၀တိီတိုင်း၊ ကျုံပျော်မြို့နယ်တွင် ဖေဖော်ဝါရီလမှစတင်ပြီး စစ်မှုထမ်းရန်အတွက် ကျေးရွာတစ်အုပ်စုလျှင် လူငယ်ငါးဦးလစဥ်ခေါ်ယူမည်ဟု အုပ်ချုပ်ရေးမှူးများမှ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၇ ရက်နေ့တွင် ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်မှ ဦးဆောင်ပြီး သရက်သုံးပင်ကျေးရွာအုပ်စု၊ ဒယ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အုပ်ကြီးက အစည်းအဝေးကို စစ်တပ်ကို ခေါ်လာပြီး ငွေလဲမတောင်းတော့ဘူး။ တစ်လ တစ်ရွာငါးဦး မဲပေါက်တဲ့သူစစ်ထဲလိုက်ရမယ်၊ မလိုက်ရင် ထောင်ချမယ်ပြောတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျုံပျော်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင်ဇန်နဝါရီလမှစတင်ပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၃၀ ကျော်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် အုပ်ချုပ်ရေးမှူးများမှ ကြိုတင်အကြောင်းမကြားပဲ ခေါ်ဆောင်မှုများ၊ခရီးသွားသူ၊ ညပိုင်းအပြင်ထွက်သည့် လူငယ်များကို အဓမ္မဖမ်းဆီးခေါင်ဆောင်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။

#ကျုံပျော်မြို့နယ် #ကျေးရွာအုပ်စု #တစ်လလျှင် #လူငယ် ၅ဦး #စစ်မှုထမ်းရန်ခေါ်ဆောင်မည် #Ayeyarwaddy_Times