
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ကိုင်သူတွေရဲ့ ဖြားယောင်းခံခဲ့ရသူ (၆၁) ဦးကို ကယ်တင်ကာ ယ နေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ကျားဖြန့်ဂိုဏ်းမှ လွတ်မြောက်လာသူ (၆၁) ဦးကို တက်ခ်ပြည် နယ်၊ မဲဆောက်ခရိုင်ရှိ အမှတ် (၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှာ ထိုင်းအာဏာပိုင်တွေထံ လွှဲ ပြောင်းပေးခဲ့ပါတယ်။
နယ်စပ်ဒေသမှာ စစ်ဆေးရေးခရီးအဖြစ် ရောက်ရှိနေတဲ့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဝီချာရာ ချိုင်းက လွတ်မြောက်လာသူ (၆၁) ဦးကို ကြိုဆိုခဲ့ပါတယ်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့ရှိ ကျားဖြန့်လုပ်ငန်းမှ လွတ်မြောက်လာသူတွေထဲမှာ တရုတ်နိုင်ငံ သား (၃၉) ဦးး၊ အိန္ဒိယ (၁၃) ဉီး၊ အင်ဒိုနီးရှား (၅) ဦးနဲ့ ကာဇတ်စတန်၊ အီသီယိုးပီးယား၊ ပါကစ္စတန်နဲ့ မ လေးရှားမှ တစ်ဉီးစီ ပါဝင်ပါတယ်။
မြန်မာနယ်စပ်ရှိ ရာဇဝတ်ဂိုဏ်းတွေ လုပ်ကိုင်လျက်ရှိရာ နယ်မြေသုံးခုသို့ ဓာတ်အားပေးပို့မှု ရပ် ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက ဆန်းစစ်နေတယ်လို့ ဝီချာရာချိုင်းက ပြောပါတယ်။
ဓာတ်အားပေးပို့မှု ဖြတ်တောက်တာဟာ ထိုင်းနယ်စပ်နေ အသိုင်းအဝိုင်းတွေကို အနည်းငယ်သာ သက်ရောက်မှုရှိပေမယ့် မြန်မာဘက်ခြမ်း သက်ရောက်မှုကို အကဲဖြတ်နေဆဲပဲလို့ ၎င်းက ဆိုပါတယ်။
ဓာတ်အားဖြတ်တောက်မှု ပထမနေ့မှာ ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းတွေရဲ့ တရားမဝင် ငွေ ကြေးလိမ်လည်မှုတွေ (၄၀) ရာခိုင်နှုန်း လျှော့နည်းသွားဖို့ ယူဆရတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံက လာအိုမှ ဓာတ်အားဝယ်ယူဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ယင်းသို့ လုပ်ဆောင်ပိုင်ခွင့်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; 61 victims rescued from Myanmar-based gangs
#Ayeyarwaddy_Times