
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြည်ပအကူအညီပေးရေး အစီအစဉ်တွေကို ရက် (၉၀) ရပ် ဆိုင်းဖို့အမိန့်ဟာ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်တွေအတွက် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ဆေးကု သမှုပေးတာကို သက်ရောက်စေတယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်က ပြည်ပအကူအညီပေးရေး အစီအစဉ်တွေကို ပြန်လည်သုံးသပ်နိုင်ရေး ရက် (၉၀) ကြာ ရပ်ဆိုင်းမယ့် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဆိုပါအမိန့်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လက်အောက်ခံ အမေရိကန် အပြည် ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ခြွင်းချက်အချို့နဲ့အတူ ပြည်ပအကူအညီပေးမှုကို ယာယီ ရပ်ဆိုင်းရမှာပါ။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းအနောက်မြောက်ပိုင်း ဒုက္ခသည်စခန်းတစ်ခုရှိ USAID က ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ပိတ်ပစ်ခဲ့ရပါတယ်။
အနီးအနားရှိဆေးရုံတွေက လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို စောင့်ရှောက်လျက်ရှိပါတယ်။ အဆို ပါဒုက္ခသည်စခန်းမှာ လူပေါင်း ၂၉၀၀၀ ခန့် နေထိုင်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
သူအလုပ်လုပ်နေတဲ့ဆေးရုံဟာ မြန်မာပြည်တွင်းစစ်ကြောင့် ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေလွှဲ ပြောင်းတာ လုပ်ဆောင်တယ်လို့ ဂျပန်အမျိုးသမီးဆရာဝန်တစ်ဉီးက ပြောပါတယ်။
USAID ရဲ့ရန်ပုံငွေ ပံ့ပိုးမှုအစီအစဉ် ရပ်ဆိုင်းလိုက်တာကြောင့် လူနာတွေ လွှဲပြောင်းတာကို ရပ် တန့်ခဲ့ပြီး အကူအညီမရပါက လူအများအပြား သေဆုံးနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; USAID freeze affecting healthcare for displaced Myanmarese in Thailand
#Ayeyarwaddy_Times