ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

သုံးနှစ်နီးပါးကြာစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တိုက်ရိုက် တွေ့ဆုံဆွေး နွေးဖို့ သဘောတူမယ်လို့ ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု (၃) နှစ်ပြည့်ဖို့ နီးကပ်လာချိန်မှာ စစ်ပွဲကို အဆုံးသတ်ပေးဖို့ ကတိ ပြုခဲ့တဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရမှုနဲ့အတူ ဆွေးနွေးမှုတွေစ တင်ဖို့ မျှော်လင့်နေကြချိန် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ဗြိတိန်သတင်းထောက် ပီးယားစ်မော်ဂန်နဲ့ အင်တာဗျူးကို ဖေဖော်ဝါရီလ ၅ ရက်က လူမှုကွန် ရက် ယူကျု့မှာ တင်ခဲ့တာပါ။

“ယူကရိန်းပြည်သူတွေအတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးဖို့ တွေ့ဆုံဆွေးနွေးရပါမယ်။ ကျွန် တော်က ပူတင်လိုလူမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ပူတင်ကို ရန်သူတစ်ဉီးလို သတ်မှတ်ပါတယ်။ ပွင့် ပွင့်လင်းလင်းပြောရရင် ပူတင်ကလည်း ကျွန်တော့်ကို ရန်သူတစ်ဉီးလို သတ်မှတ်မယ်လို့ ထင်ပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။

ရုရှားက ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပေမယ့် ဇီလန်စကီးနဲ့ တိုက်ရိုက် စကားမ ပြောဘူးလို့ ပူတင်က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းက ရုရှားတပ်ဖွဲ့တွေကို ပြန်မောင်းထုတ်ဖို့ ရုန်းကန်ခဲ့ရပြီး ရုရှားနိုင်ငံထံ ဆုံးရှုံးခဲ့တဲ့ ပိုင် နက်နယ်မြေအချို့ကို ပြန်ရဖွယ်မရှိဘူးလို့ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

“ဆုံးရှုံးခဲ့တဲ့ ကျွန်တော်တို့နယ်မြေတွေအပြင်ဘက်ထိ ပူတင်ကို မောင်းထုတ်ဖို့ မဟာမိတ်တွေရဲ့ ပံ့ပိုးကူညီမှုက မလုံလောက်ပါဘူး” လို့ သူက ဆိုပါတယ်။

ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ရောက်ဖို့ လမ်းညွှန်မြေပုံတစ်ရပ်ဟာ စစ်ပွဲ အဆုံးသတ်ဖို့နဲ့ လုံခြုံရေး အာမခံချက်တွေရရှိဖို့ အလှမ်းကွာဝေးနေဆဲလို့ ၎င်းက ပြောပါတယ်။

ကိုးကား – AFP
Ref; Ukraine’s Zelensky says he is ready for direct talks with Putin

#Ayeyarwaddy_Times