ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ တုံ့ပြန်ရာမှာ ဉရောပသမဂ္ဂနဲ့ လက်တွဲလိုတဲ့ဆန္ဒရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံက ဉရောပသမဂ္ဂနဲ့ဆက်ဆံရေးဟာ အလွန် အရေးကြီးတယ်လို့ သတ်မှတ်ပြီး ယုံ ကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း တရုတ် နိုင် ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။

ဉရောပသမဂ္ဂက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံနဲ့ မြန်ဆန်စွာ ထိတွေ့ဆက်ဆံလိုတယ်လို့ အီးယာကုန်သွယ်ရေးအကြီးအကဲက ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေဟာ ကြမ်းတမ်းလိမ့်မယ်လို့ ဉရောပကော်မရှင် ဥက္ကဌ အူ ဆူလာဗွန်ဒါလေယန်းက ခန့်မှန်းပါတယ်။

ဥရောပသမဂ္ဂက တရုတ်နဲ့ဆက်ဆံရေးကု မထိခိုက်အောင် လုပ်ဆောင်မယ်လို့ အူဆူလာက အင်္ဂါ နေ့မှာ ဘရပ်ဆဲလ်မြို့တော်၌ ပြောကြားခဲ့ပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှု ဆက်ဆံရေးကို တိုးချဲ့နိုင်တဲ့ သဘောတူညီမှုတွေအတွက် အဖြေရှာရမယ်လို့ ဆိုပါတယ်။

နှစ်ဉီးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် အဖြေတွေရှာသင့်တယ်လို့ အူဆူလာက ပြီးခဲ့တဲ့လအ တွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တော်မှာ ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂဟာ အောက်တိုဘာလအတွင်း တရုတ်လုပ် လျှပ်စစ်ကားတွေပေါ် ဂဏန်းနှစ်လုံး စည်းကြပ်ခွန် သတ်မှတ်ခဲ့ရာ တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ဘရန်ဒီလိုမျိုး အီးယူထုတ်ကုန် တွေအပေါ် ကန့်သတ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China says it is willing to work with EU on ‘global challenges’

#Ayeyarwaddy_Times