ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အငြင်းပွား ရေပိုင်နက်အတွင်း ဝင်ရောက်မှုကြောင့် မြန်မာရေ တပ်ရဲ့ ထိန်းသိမ်းခံထားရတဲ့ ထိုင်းငါးဖမ်းသမား (၄) ဦး လွတ်မြောက်ရေး ကြိုးပမ်းနေတယ်လို့ ထိုင်း နိုင် ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းတံငါသည် (၄) ဦးဟာ မြန်မာနယ်စပ်မြို့ ကော့သောင်းမှာ ထိန်းသိမ်းခံထားရပါတယ်။ ဝန် ကြီးဌာနက ထိုင်းတံငါသည်တွေ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းမယ်လို့ ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး ရက်စ်ချာလီချန်းက ပြောပါတယ်။

ဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေဟာ ထိုင်းတံငါသည်တွေကို နေရပ်ပြန်ခေါ်နိုင်ဖို့ တက်ကြွစွာ လုပ် ဆောင်နေပေမယ့် မကြာသေးမီက ဂါဇာဒေသရှိ ထိုင်းဓားစာခံတွေ လွတ်မြောက်လာသလို သံတမန်ရေး စေ့စပ်ညှိနှိုင်းမှုတွေဟာ အချိန်နဲ့ စိတ်ရှည်သည်းခံမှု လိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြပေမယ့် ထိုင်းအစိုးရက ဖမ်းဆီးခံ တံငါသည်တွေကို လျစ်လျူမရှုထားဘူးလို့ သူက ဆက်ပြောပါတယ်။

ထိန်းသိမ်းခံ တံငါသည် မိသားစုဝင်တွေရဲ့ စိုးရိမ်မှုတွေကို ထိုင်းအစိုးရက နားလည်ပြီး ၎င်းတို့အ တွက် ကောင်စစ်ဝန်ရေးရားဌာနက အရေးပေါ်ဖုန်းလိုင်း ၂၄ နာရီ ဖွင့်လှစ်ထားတယ်လို့ ၎င်းက ပြောပါ တယ်။

အဆင့်အသီးသီးမှာ မြန်မာစစ်ကောင်စီ အာဏာပိုင်တွေနဲ့ အစည်းအဝေးတွေ ကျင်းပခဲ့ပြီး မိ သားစုဝင်တွေရဲ့ တံငါသည်တွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့စာတွေကို တင်ပြခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘာလန်ကူရာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ (၃၀) ရက်မှာ ထိုင်းတံငါသည် (၄) ဉီး ဖမ်းဆီးခံရပြီးနောက်ပိုင်း ဝန်ကြီး ဌာနက မြန်မာအာဏာပိုင်တွေနဲ့ ပုံမှန် ဆက်သွယ်မှုပြုလုပ်ကာ ရနောင်းမြို့ရှိ တံငါသည်တွေရဲ့ မိသားစု ဝင်တွေသို့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကလည်း ကော့သောင်းမြို့မှာ ထိန်းသိမ်းခံထားရတဲ့ ထိုင်းတံငါသည် တွေကို တွေ့ဆုံဖို့ မိသားစုဝင်တွေအတွက် စီစဉ်ပေးခဲ့ပြီး အလားတူ ခရီးစဉ်တွေ စီစဉ်ထားတယ်လို့ နီ ကွန်ဒက်ဂျ်က ဆိုပါတယ်။

ထိုင်း-မြန်မာဆက်ဆံရေးကြောင့် ဝန်ကြီးဌာနက ပြဿနာကို သတိ၊ စိတ်ရှည်သည်းခံမှုနဲ့ ကိုင် တွယ်ရမယ်လို့ သူက ရှင်းပြပါတယ်။

ကိုးကား – Bangkok Post
Ref; Four Thai crewmen in Myanmar ‘not forgotten’, says government

#Ayeyarwaddy_Times