
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် ၃၄၄ တွင် စစ်ကောင်စီတပ်သားတစ်ဦး ကြိုးဆွဲချကာအဆုံးစီရင်၍ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ကြိုးဆွဲချ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားမှာ အထက်က အရာရှိများ၏ ဖိအားများကြောင့် ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူကပြောသည်။
“ဖိအားတွေများလို့ အခုလို လုပ်လိုက်တာ မှန်ပါတယ်။ တစ်ခြား ဘာကိစ္စတွေ ရှိနေသေးတယ်ဆိုတာတော့ မသိရပါဘူး”ဟု မြောက်စမ်းအမြောက်တပ် ၃၄၄ နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ကျေးရွာအုပ်စု သရက်ပင်ကြီးစုအထက်ပိုင်း၊ သီတာချောင်းအတွင်းလည်း စစ်ကောင်စီတပ်သား သုံးဦး ရေချ်ိုနေစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သေးကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ရေနစ်သေဆုံးမှုမှာ ဇန်နဝါရီလကဖြစ်ပြီး ဟင်္သတမြို့ စစ်ကောင်စီတပ်ရင်းမှ ရှေ့တန်းသို့ပို့ဆောင်ခဲ့ပြီး ခဏတာစခန်းချနား၍ သီတာချောင်းအတွင်း ရေဆင်းချ်ိုးစဥ် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရစ်မြစ်က ပြောသည်။
ယခုရက်ပိုင်းအတွင်း ရေကြည်မြို့နယ်အခြေစိုက်ဖြစ်သည့် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ မှ အရာရှိစစ်သည်အချ်ို့အပါအဝင် စစ်မှုထမ်းသင်တန်းမှ တပ်သားသစ်များလည်းထွက်ပြေးနေကြောင်း စစ်ကောင်စီတပ်နှင့် နီစပ်သူ၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ၏ အမြောက်တပ်(ပုံဟောင်း)
#ရေကြည် #မြောက်စမ်းအမြောက်တပ် #၃၄၄ #စစ်ကောင်စီတပ်သား #အရာရှိ #ဖိအား #အဆုံးစီရင် #Ayeyarwaddy_Times