ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်ရှိတလုထ္ထော်မြို့တွင်ဖေဖော်ဝါရီလ အစပိုင်တွင်လူငယ်အချို့ကို ကြိုတင်အသိပေးခြင်းမရှိပဲစစ်မှုထမ်းရန်နေအိမ်များတွင်လာရောက်ကာဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း​သိရှိရသည်။

ဖေဖေါ်ဝါရီ ၂ ရက်နေ့မှစတင်ပြီးတလုပ်ထ္ထော်မြို့တွင် သမိုင်းကျေးရွာ၊မြစ်ကိုင်းကျေးရွာနှင့် ဥယာဥ်ကျေးရွာတို့မှ လူငယ် သုံးဦးကို စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများထံမှ သိရသည်။

“တရားခံဖမ်းသလို လက်ထိပ်ခတ်ပြီးခေါ်သွားကြတာ သာမန်လက်လုပ်လက်စားအိမ်တွေက လူငယ်တွေကိုတော့စစ်မှုထမ်း ဥပဒေကိုအကြောင်းပြပြီး ချက်ခြင်း၀င်ဆွဲပြီး လုပ်ခြင်တိုင်းလုပ်နေကြတာ”ဟု တလုထ္ထော်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်တလုထ္ထော်မြို့ရှိကျေးရွာများတွင်လည်း ညဘက် အပြင်ထွက်သူ မရှိသလောက်နည်းပါးသွားပြီး ကျေးရွာရှိအုပ်ချုပ်ရေးအဖွဲ့များကိုယ်တိုင် လူငယ်များကို ညဘက်တွင် ပေါ်တာဆွဲနိုင်ကြောင်း သတိပေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြား တိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက် ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။

#င်္ဟသာတမြို့နယ် #လူငယ်အချို့ #စစ်မှုထမ်းရန်ခေါ်ဆောင်
#Ayeyarwaddy_Times