
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အင်္ဂါနေ့က တောင်တရုတ်ပင်လယ်ပေါ်မှာ ပူးတွဲ ကင်းလှည့် မှုတွေ ပြုလုပ်ခဲ့ရာ အငြင်းပွား ကျွန်းစုတစ်ခုပေါ် ပုံမှန် ကင်းလှည့်မှုလုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံကို အ မျက်ထွက်စေခဲ့ပါတယ်။
ဖိလစ်ပိုင်နဲ့တရုတ်ကြား တင်းမာမှုတွေ မြင့်တက်လာမှုကြောင့် သမ္မတ ဖာဒီနန်မားကို့စ်လက် ထက်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ဟာ လုံခြုံရေး သဘောတူညီမှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။
တစ်ရက်ကြာ ပူးတွဲ ကင်းလှည့်မှုကို အနောက်ဖိလစ်ပိုင်ပင်လယ်မှာ ပြုလုပ်ခဲ့တယ်လို့ ဖိလစ်ပိုင် လေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာကွန်ဆူလိုကက်စတဲလိုက ပြောပါတယ်။
“ပူးတွဲကင်းလှည့်မှုဟာ စစ်ဆင်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ဝေဟင်စောင့်ကြပ်မှု တိုးတက်လာဖို့နဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်ရေးစွမ်းရည် အားကောင်းလာဖို့ ရည်ရွယ်ပါတယ်” လို့ ကက်စ တဲလိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဖိလစ်ပိုင်လေတပ်မှ FA-50 ဂျက်တိုက်လေယာဉ် (၃) စင်းနဲ့ အမေရိကန်လေတပ်မှ B1-B ဗုံးကြဲ လေယာဉ်နှစ်စင်း ပူးတွဲလေ့ကျင့်မှုမှာ ပါဝင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား ပူးတွဲကင်းလှည့်မှုဟာ တောင်တရုတ်ပင်လယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ တရုတ်စစ်တပ်က အင်္ဂါနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း စွပ်စွဲခဲ့ပါ တယ်။
တရုတ်စစ်တပ်က အမြင့်ဆုံးအဆင့် တပ်လှုန့်ကာ တရုတ်ပိုင်နက်နယ်မြေနဲ့ ရေကြောင်းအခွင့် အရေး၊ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလှုပ်ရှားမှု တွေကို ထိန်းချုပ်မယ်လို့ ပြောပါတယ်။
Jiangkai အတန်းအစား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်သင်္ဘော အပါအဝင် ဖိလစ်ပိုင်ရေပိုင်နက်ဇုန် အတွင်း တရုတ်စစ်သင်္ဘော (၃) စင်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဖိလစ်ပိုင်ရေတပ်က ပြောပါ တယ်။
“ဖိလစ်ပိုင်ရေပိုင်နက်မှာ တရုတ်စစ်သင်္ဘောတွေရှိတာဟာ တရုတ်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာဥ ပဒေကို မထီမဲ့မြင်ပြုမှုကို ထင်ဟပ်စေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်” လို့ ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ပါစီအယ်လ်ကို့စ်က ပြောပါတယ်။
ကိုးကား – Reuters
Ref; Philippines, U.S. hold joint air patrol over South China Sea, angering China
#Ayeyarwaddy_Times