ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

ထိုင်းနိုင်ငံက မြန်မာနိုင်ငံရှိ နယ်စပ်ဒေသ (၅) ခုသို့ ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ ထောက်ပံ့တာတွေ ဖြတ်တောက်လိုက်ပြီလို့ ထိုင်းအကြီးတန်းဝန်ကြီးတစ်ဉီးက ဗုဒ္ဓဟူးနေ့မှာ ပြောပါ တယ်။

“သူတို့ ဓာတ်အားရရှိရေးမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နိုင်ပေမယ့် ထိုင်းနိုင်ငံဟာ တရားမဝင် အပြု အမူတွေကို ထောက်ပံ့ပေးတဲ့ တစ်စိတ်တစ်ပိုင်းလို့ ဘယ်သူကမှ အပြစ်ဖို့ချလို့မရတော့ပါဘူး” လို့ ဒုတိယ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူလ်က သတင်းထောက်တွေကို ပြောပါတယ်။

“နယ်စပ်နေပြည်သူတွေဟာ ဓာတ်အားရရှဖို့ အခြားအရင်းအမြစ်တွေ သို့မဟုတ် ကိုယ်ပိုင် ဓာတ် အားထုတ်လုပ်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းတွေ အပါအဝင် အရှေ့တောင်အာရှဒေသ ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ထောင်ပေါင်းများစွာသော လူတွေ ပိတ်လှောင်ခံနေရပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ငွေကြေးတွေ လိမ်လည်နေတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်မှစကာ မြန်မာနယ်စပ်တစ်လျှောက်ရှိ နေရာ (၅) ခုသို့ ဓာတ်အား ၂၀ ဒသ မ ၃၇ မီဂါဝပ် ဖြတ်တောက်ခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ ပြည်နယ်ဓာတ်အားပေးအဖွဲ့က ပြောပါတယ်။ ဓာတ် အားဖြတ်တောက်မှုကြောင့် ထိုင်းနိုင်ငံဟာ တစ်နှစ်လျင် ဒေါ်လာ ၁၇ ဒသမ ၈၄ သန်း ဆုံးရှုံးရနိုင်တယ် လို့ သိရပါတယ်။

ဓာတ်အားဖြတ်တောက်လိုက်တဲ့နေရာတွေဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တာချီ လိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူလဲ ပါဝင်တယ်လို့ သိရပါတယ်။

ဒေသခံအများစုဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းကတည်းက ဓာတ်အားဖြတ်တောက်မှု ကြုံတွေ့ခဲ့ရပေ မယ့် ကျားဖြန့်လုပ်ငန်းတွေ အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းတွေက မီးစက်တွေမောင်းပြီး ဆက် လက် လုပ်ကိုင်နေတယ်လို့ ဘုရားသုံးဆူ ဒေသခံတစ်ဉီးက ပြောပါတယ်။

“ဒေသခံတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး မြို့နေပြည်သူတွေ ဒုက္ခရောက်နေ ကြပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – Reuters
Ref; Thailand cuts power, fuel and internet supply to parts of Myanmar

#Ayeyarwaddy_Times