ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ မြောက်ကိုရီးယားကို ‘ဆိုးသွမ်းနိုင်ငံ’ အဖြစ် ရည်ညွှန်းပြောဆိုမှုကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။

ဒါဟာ မြောက်ကိုရီးယားနိုင်ငံက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရသစ်အဖွဲ့ဝင်ကို အမည်နဲ့တကွ ဝေဖန်ရှုတ်ချတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

“ကျွန်တော်တို့ အီရန်နဲ့မြောက်ကိုရီးယားလိုမျိုး ကိုင်တွယ်ဖြေရှင်းရမယ့် ဆိုးသွမ်းနိုင်ငံတွေ ရှိနေ ပါတယ်” လို့ ဇန်နဝါရီလ ၃၀ ရက်က မီဒီယာအင်တာဗျူးတစ်ခုမှာ ရူဘီယိုက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် တနင်္လာနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ရူဘီယိုရဲ့မှတ်ချက်ဟာ ‘နိုင်ငံရေးရန်စမှု’ တစ်ခုအဖြစ် ရှုတ်ချခဲ့ပါတယ်။

အဆိုပါမှတ်ချက်စကားဟာ အမေရိကန်နိုင်ငံရဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ မူဝါဒက အ ပြောင်းအလဲမရှိဘူးဆိုတာ အတည်ပြုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံရဲ့ ဘယ်လိုရန်စမှုမျိုးကိုမဆို လျစ်လျူရှုမှာမဟုတ်ပဲ လိုအပ်သလို တုံ့ပြန်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အမေရိကန်အစိုးရရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် အားသစ်လောင်းမယ့် မူဝါဒအဖြစ် မြောက်ကို ရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျု့က ဝေဖန်ခဲ့ပြီး ပြုံယမ်းဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါ တယ်။

ကိုးကား – NHK
Ref; North Korea slams Rubio’s ‘rogue state’ remark

#Ayeyarwaddy_Times