
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျားဖြန့်လုပ်ငန်းတွေထံ လောင်စာဆီနဲ့ လျှပ်စစ် ဓာတ်အား ပေးပို့တာ ချက်ချင်း ဖြတ်တောက်ဖို့ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက အတည်ပြု လိုက်ပါပြီ။
ကျားဖြန့်လုပ်ကိုင်သူတွေ ထိုင်းနိုင်ငံမှ လောင်စာဆီနဲ့ဓာတ်အား ရရှိနေတာကြောင့် ဖြတ် တောက်ရမယ်လို့ ပေထောင်တန်က ယနေ့ ပြောပါတယ်။
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံရှိ ဒေသခံအသိုင်းအဝိုင်းတွေဟာ လောင်စာဆီနဲ့ ဓာတ်အားအ တွက် ထိုင်းနိုင်ငံကို မှီခိုအားထားနေရတာပါ။ “ကျွန်မတို့ ဒီလိုလူတွေကို ဂရုစိုက်ရမှာဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။
ကျားဖြန့်ဂိုဏ်းတွေရဲ့ လုပ်ဆောင်ချက်တွေက ထိုင်းလူမျိုးတွေနဲ့ တိုင်းပြည်ရဲ့ပုံရိပ်ကို ကြီးမားစွာ ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။
လောင်စာဆီနဲ့ဓာတ်အားပေးပို့မှုကို ဘယ်အချိန်မှာ ဖြတ်တောက်မလဲဟု မေးမြန်းရာမှာ ဆွေး နွေးမှုတွေ ယနေ့ပြီးမြောက်ပါက ယနေ့ ဖြတ်တောက်လို့ရတယ်လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးကို ထိခိုက်စေပါက ပြည်နယ်ဓာတ်အားပေးအဖွဲ့က နယ်စပ်ဖြတ်ကျော် ဓာတ်အားပေးပို့မှုကို ဖြတ်တောက်နိုင်တယ်လို့ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်း က ပြောပါတယ်။
ဓာတ်အားပေးပို့ရေး သဘောတူညီချက်တွေအရ ပြည်နယ်ဓာတ်အားပေးအဖွဲ့က အမျိုးသားလုံ ခြုံရေးအရ ဓာတ်အားပေးပို့မှုကို လျှော့ချ သို့မဟုတ် ဖြတ်တောက်နိုင်တယ်လို့ သူက ဆိုပါတယ်။
“၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ထိုင်းပြည်သူ ၅၀၀၀၀၀ ကျော် ကျားဖြန့်ဂိုဏ်းတွေ မှာ လူကုန်ကူးခံခဲ့ရပြီး ဘတ်ငွေ ၆၀ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါတယ်။ ကျားဖြန့်ပြဿနာကို အတော်ကို ဆိုးရွားနေတာကြောင့် ဓာတ်အားပေးပို့မှု တစ်ဖြည်းဖြည်း လျှော့ချရမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; PM approves cutting off power, fuel to scammers in Myanmar
#Ayeyarwaddy_Times