ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

ဒဏ်ရာရ စစ်ကောင်စီတပ်သားအချို့ကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ညက သာပေါင်းဆေးရုံသို့ ပို့ဆောင်ကုသစဥ် အရာရှိတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

လူနာတင်ကားပေါ်တွင်ဒဏ်ရာရစစ်ကောင်စီတပ်သားလေးဦးကို တင်ဆောင်ကာ လုံခြုံရေးစစ်ကားတစ်စီးနှင့်အတူ မကျီးဇင်-သာပေါင်းကားလမ်းမှတစ်ဆင့် သာပေါင်းဆေးရုံသို့၀င်ရောက်ပြီး အရေးပေါ်ပို့ဆောင်စဥ် တစ်ဦးသေဆုံးပြီး ကျန်သုံးဦးကို ပုသိမ်တပ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“မြို့က ကျဥ်းကျဥ်းလေး ဆိုတော့စစ်ကားတွေ လူနာတင်ကားတွေ အမြန်မောင်း၀င်လာတာ လူတိုင်းတွေ့ပါတယ်။ ပုသိမ်ကို ပို့ဖို့ အသက်မမှီမှာစိုးလို့ သာပေါင်းဆေးရုံကို အမြန်၀င်လိုက်တာ။ ဒါပေမယ့် အဲ့ဗိုလ်က ဆုံးသွားတယ် ၊ဗိုလ်လို့ပဲသိရတယ် ဘာအဆင့်လဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တိီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသော စစ်ကောင်စီဗိုလ်ဆိုသူကို ဆေးရုံ၏ ရင်ခွဲရုံရှေ့တွင် ပြင်ဆင်ထားပြီး ဇန်နဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။

လက်ရှိတွင် မကျီးဇင် ၊ ဘောမိမှ သာပေါင်းမြို့နယ် သို့ သွားရာကားလမ်းများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဇန်နဝါရီလ ၂၈ရက်နေ့ကသာပေါင်းမြို့မ ရဲစခန်းမှူးဒုရဲမှူး၀င်းနိုင်ဦးသည် ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်။

#သာပေါင်းမြို့ဆေးရုံ #ဒဏ်ရာရစစ်ကောင်စီတပ်သား #ပို့ဆောင်စဥ် #အရာရှိတစ်ဦးသေဆုံး #Ayeyarwaddy_Times

S