
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
အမေရိကန်တပ်ဖွဲ့ဟာ ဆိုမာလီယာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အိုင် အက်စ်စစ်သွေးကြွ အများအပြားကို သုတ်သင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။
အိုင်အက်စ်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်တစ်ဉီးနဲ့ အကြမ်းဖက်သမားတွေကို တိကျသော လေ ကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့ ၎င်းက လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါ တယ်။
“လိုဏ်ဂူတွေအတွင်း ပုန်းအောင်းနေတဲ့ ဒီလူသတ်ကောင်တွေဟာ အမေရိကန်နိုင်ငံနဲ့ ကျွန်တော် တို့ရဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လူသတ်ကောင်တွေနေတဲ့ လိုဏ် ဂူတွေ ပျက်စီးခဲ့ပြီး အရပ်သားတွေကို မထိခိုက်ပဲ အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်စစ်တပ်က တိုက်ခိုက်မှုစီစဉ်သူကို နှစ်နဲ့ချီကြာအောင် ပစ်မှတ်ထားခဲ့ပေမယ့် သမ္မတ ဟောင်း ဂျိုးဘိုင်ဒင်နဲ့ တာဝန်ရှိသူတွေက မြန်ဆန်စွာ အရေးမယူခဲ့ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ အမေရိကန်နိုင်ငံသားတွေကို တိုက်ခိုက်မယ့် အိုင်အက်စ်နဲ့ အခြားအား လုံးကို ရှာဖွေကာ သုတ်သင်မယ်ဆိုတဲ့ သတင်းစကား ပေးပို့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဟာ ဆိုမာလီယာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ကာ တိုင်းပြည်မြောက်ပိုင်း တောင်ထူထပ်ရာဒေသတစ်ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ကာ ကွယ်ရေးဝန်ကြီး Pete Hegseth က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဉီးဆောင်မှုနဲ့အညီ အကြမ်းဖက်သမားတွေကို ရှာဖွေကာ အမြစ်ပြတ် သုတ်သင်ဖို့ အမေရိကန်နိုင်ငံက အသင့်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Trump: US carries out airstrikes on Islamic State militants in Somalia
#Ayeyarwaddy_Times