ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေဟာ အမျိုးသားတစ်ဉီးကို ဖမ်းဆီးကာ တက်ခ်ပြည်နယ်၊ မဲရာ မတ်ခရိုင်ရှိ ကျားဖြန့်လုပ်ကိုင်သူတွေ ပိုင်ဆိုင်တဲ့ ကွန်ပြူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ ဆင်းကတ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းစစ်သားတွေ၊ နယ်ခြားစောင့်ရဲတွေနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေဟာ စနေနေ့က တရားမ ဝင် လှုပ်ရှားမှုတွေကို ထောက်လှမ်းဖို့ ထိုင်း-မြန်မာနယ်စပ်မှာ ကင်းလှည့်ကာ စစ်ဆေးရေးဂိတ်တွေကို တည်ဆောက်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ တိုယိုကာပစ်ကပ်ကားတစ်စင်းကို ရပ်တန့်ကာ ရှာဖွေရာမှာ ယာဉ်အ တွင်း မိုဘိုင်းဖုန်း ၁၂၅၁ လုံး၊ ဆင်းကတ် ၂၇၄ ခုနဲ့ ကွန်ပြူတာ ၁၉ လုံးကို တွေ့ရှိခဲ့ပါတယ်။

မဲရာမတ်ခရိုင်ရှိ သောင်ရင်းမြစ်ဘေး ရွာတစ်ရွာမှ အဆိုပါပစ္စည်းတွေကိုယူဆောင်ဖို့ သူ့ကို ဘတ် ငွေ ၅၀၀၀ ပေးခဲ့တယ်လို့ Tid ဆိုသူ ယာဉ်မောင်းက ပြောပါတယ်။

အဆိုပါပစ္စည်းတွေကို ကမ္ဘောဒီးယားနယ်စပ် ပြည်နယ်တစ်ခုဖြစ်တဲ့ Sa Kaeo၊ ဝပ်သာနာနခွန်ခ ရိုင်ရှိ Pawalee ဆိုသူထံ ပုဂ္ဂလိကပါဆယ်ပို့လုပ်ငန်းတစ်ခုမှတစ်ဆင့် ပို့ဆောင်မှာဖြစ်တယ်လို့ ထိုင်းယာဉ် မောင်းက ဝန်ခံပါတယ်။

သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို မဲဆောက်ခရိုင်နဲ့ ကပ်လျက်တည်ရှိတဲ့ မြန်မာနိုင်ငံ၊ မြဝတီမြို့အ ခြေစိုက် ကျားဖြန့်လုပ်ငန်းတစ်ခုက ပိုင်ဆိုင်တာလို့ ထိုင်းရဲမှူးကြီး နတ်သာခွန်ရူအန်တစ်က ပြောပါ တယ်။

ကိုးကား – Bangkok Post
Ref; Man arrested in Tak with 1500 phones, SIM cards ‘used for scams’

#Ayeyarwaddy_Times