
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၃ ရက်
ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင်ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပါတ်အတွင်း ဆိုင်ကယ်ကယ်ရီသမားများကို ခေါ်ယူကာ ရခိုင်ဘက်သို့ ခရီးသည်နှင့် ကုန်များသွားရောက်ပို့ဆောင်ခြင်းမပြုရန် ခံ၀န်ထိုးခိုင်းကြောင်း သိရှိရသည်။
ငါးသိုင်းချောင်းမြို့မ ရဲစခန်းမှူး တင်လင်းထွဋ်မှ မြို့အတွင်းပြေးဆွဲနေသည့် ဆိုင်ကယ်ကယ်ရီ သမားအားလုံးကိုခေါ်ယူကာ ရခိုင်ဘက်သို့ ကုန်ပစ္စည်းနှင့်ခရီးသည် ပို့ဆောင်ရမည်ဆိုပါက
စခန်းသို့လာရောက်အကြောင်းကြားရန် အသိပေးခဲ့ကြောင်း ကယ်ရီသများအချို့ထံက သိရသည်။
“စခန်းက ညွန်ကြားချက်ကိုသိရှိလိုက်နာပါမယ့်ဆိုတဲ့ အကြောင်းခံ၀န် လတ်မှတ်တွေထိုးပေးရတယ်။ အဓိက ရခိုင်ဘက်ကို မလိုက်ဖို့ပြောတာ”ဟု ဒေသခံဆိုင်ကယ်ကယ်ရီမောင်းနှင်သူ တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းများက်ို အာရက္ခတပ်တော်AAမှသိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ၂၀၂၄ခုနှစ်ဖေဖေါ်ဝါရီလ တတိယပတ်မှ စတင်၍ ယနေ့ထိကုန်စည်ပို့ဆောင်ခွင့်ကို ပိတ်ထားခြင်းဖြစ်ပြီး သယ်ယူသည့် ကားများကိုလည်းဖမ်းဆီးနေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှသိရှိရသည်။
ရခိုင်သို့ စားသောက်ကုန်များနှင့် စက်သုံးဆီများဧရာ၀တီတိုင်းမှတစ်ဆင့် စီးပွားရေးသမားများနှင့် အကျိုးတူပူးပေါင်းခဲ့ပြီးပို့ဆောင်ခွင့်ပေးခဲ့သော အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဗိုလ်မှူးကြီး မျိုးညွန့်ဦးအပါအဝင် အရာရှိ၁၉ဦးခန့်ကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
#ငါးသိုင်းချောင်း #ဆိုင်ကယ်ကယ်ရီသမားများ #ရခိုင်ဘက်သို့ #ခရီးသည် #ကုန်မပို့ရန် #ခံဝန်ထိုးခိုင်း
#Ayeyarwaddy_Times