
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ မြန်မာ့အရေးနဲ့ ခရစ်ပတိုငွေကြေးများ ကိစ္စကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အန်ဝါက သူ့ရဲ့ Facebook ပေ့ချ်မှာ တနင်္ဂနွေနေ့ ဆွေးနွေးမှုအကြောင်း အသေးစိတ်မဖော်ပြခဲ့ ပေမယ့် ဆွေးနွေးမှုကိစ္စရပ်တွေထဲမှာ မြန်မာ့အရေးနဲ့ ခရစ်ပတိုငွေကြေးများအကြောင်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
၎င်းတို့နှစ်ဉီးကြား ဆွေးနွေးမှုဟာ အပြုသဘောဆောင်ခဲ့တယ်လို့ အန်ဝါက ဆိုပါတယ်။ တွေ့ဆုံ မှုကို ကွာလာလမ်ပူမြို့တော်မှာ ပြုလုပ်ခဲ့တယ်လို့ ယူဆရပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ ယိုးလဲ တက်ရောက်ခဲ့ပါတယ်။
မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ယူရာ သက်ဆင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း မလေးရှားဝန်ကြီးချုပ်ရဲ့ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပြီးခဲ့တဲ့လက လန်ကာဝီ ကျွန်းမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ထက် ငြိမ်းချမ်းရေးက အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဟာ သောကြာနေ့က အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးခဲ့ရာ ကာလရှည် ကတိပြုထားတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ် ထပ်မံ ကြန့်ကြာစေပါ တယ်။
ကိုးကား – Bangkok Post
Ref; Thaksin, Anwar discuss Myanmar, cryptocurrencies
#Ayeyarwaddy_Times