ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဂျစ်ကားတစ်စီး မတော်တဆဖြစ်ပွား၍ ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးသည် ပွဲချင်းပြီး သေဆုံးပြီး အမျိုးသားတစ်ဦးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင့် ဒေသခံများထံက သိရှိရသည်။

တီးတိန်မြို့သို့ ဦးတည်မောင်းနှင်းလာသည့် ဂျစ်ကားတစ်စီးသည်ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် တွီးထန်ကျေးရွာနှင့် မဏိပူရမြစ်ကူး တံတားအနီးတွင် ကားအရှိန်မထိန်းနိုင်ဘဲ လမ်းချော်ပြီး မတော်တဆဖြစ်ပွားခဲ့သည်။

“ကားက အရှိန်ပြင်း မောင်းလာပြီး လမ်းချော်တာနဲ့ အရှိန်မထိန်းနိုင်ပဲ မတော်တဆဖြစ်သွားတာဖြစ်မယ်။ ဖြစ်တာက ၁ရက်နေ့၊ သူတို့တွေ့တာက မနေ့က နေ့လယ်လောက်မှာ ပြန်တွေ့တယ်။”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကားမောင်းသည့် အမျိုးသားတစ်ဦးအပါအဝင် နှစ်ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် အမျိုးသားတစ်ဦးလည်း ဦးခေါင်းဒဏ်ရာ ပြင်းထန်ရရှိပြီး တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကာ ဆေးကုသမူခံယူနေရသည်။

“ကားပေါ်မှာ အမျိုးသားသုံးဦးပါတယ်။ နှစ်ယောက်တော့ သေဆုံးသွားတယ်။ တစ်ယောက်ကိုတော့ ZYA Tuithang အဖွဲ့က ဆေးရုံပို့ဆောင်ပေးတယ်။ လောဆယ် လူနာအခြေအနေ မသိရသေးဘူး။” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသည့်ရုပ်အလောင်းကို ZYA Tuithang အဖွဲ့က ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးပြီး ၎င်းတို့နေရပ်တွင် ပို့ဆောင်ကာ သဂြိုလ်ပေးခဲ့ကြောင့် သိရှိရသည်။

#တီးတိန်မြို့ #ကား #မတော်တဆ #အမျိုးသားနှစ်ဦးသေဆုံး #တစ်ဦး #ပြင်းထန်ဒဏ်ရာ #Ayeyarwaddy_Times