
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွက် တာဝန်ယူဖို့ ဥရောပသမဂ္ဂ (EU) က မြန်မာစစ်အာဏာသိမ်းမှု (၄) နှစ်ပြည့် သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။
တိုင်းပြည်ကို ဆိုးရွားသော နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဘေး ကျ ရောက်စေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို ဥရောပသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
သမ္မတ ဉီးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေအားလုံး ချက်ချင်း လွှတ်ပေးဖို့ ဥရောပသမဂ္ဂက တောင်းဆိုခဲ့ပါ တယ်။
မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရိုဟင်ဂျာတွေ၊ အခြားလူနည်းစုတွေ အပါအဝင် အ ရပ်သားတွေကို အဓမ္မ စစ်မှုထမ်းစေမှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။
အကူအညီလိုအပ်သူတွေအတွက် လူသားချင်းစာနာမှု အဖွဲ့အစည်းတွေကို အကူအညီ ပေးအပ် ခွင့်ပြုဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ ရောင်းချမှု၊ လွှဲပြောင်းမှုနဲ့ ပေးပို့မှုတွေကို ဟန့်တားမယ့် ကမ္ဘာ့ နိုင်ငံတွေရဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်လက်နက်ပိတ်ပင်မှု အပါအဝင် နိုင်ငံတကာက အရေးယူမှု တိုးမြှင့်ဖို့ လည်း ဥရောပသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂက လူပုဂ္ဂိုလ် ၁၀၆ ဉီးနဲ့ စီးပွားရေးလုပ်ငန်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး နယ် စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သူတွေ၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန် ရှိသူတွေကို ပစ်မှတ်ထားဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့အတူ အာဆီယံအဖွဲ့၊ ကုလသမဂ္ဂတို့ကိုလည်း ဥရောပသမဂ္ဂက အား ပေးခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ထောက်ခံတယ်လို့ ဥရောပသမဂ္ဂက ထပ်လောင်းအ တည်ပြုခဲ့ပြီး ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; EU calls for end to violence, accountability on 4th anniversary of Myanmar coup
#Ayeyarwaddy_Times