
(မတရား ထိန်းသိမ်းခံထားရသူတွေကို ဗြိတိန်နိုင်ငံက မေ့မထားဟု ဆို)
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
မြန်မာစစ်ကောင်စီဟာ အကျဉ်းချခံထားရတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လန်မီက ပြောကြားလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ မတရား ထိန်းသိမ်းခံထားရသူတွေကို ဗြိတိန်နိုင်ငံက မမေ့လျော့ဘူးလို့ သူ က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်က လန်ဒန်မြို့ရှိ မြန်မာသံရုံးသို့ စာတစ်စောင် ပေးပို့ကာ သူ့ရဲ့မိခင်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ The Independent သတင်းစာက ဖော်ပြခဲ့ပါ တယ်။
မြန်မာပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်ပြီး ဒီမိုကရေစီရရှိတာကို သူ မြင်တွေ့လိုခဲ့တယ်လို့ ဒေး ဗစ်လန်မီက The Independent ကို ပြောပါတယ်။
“လွန်ခဲ့တဲ့ (၄) နှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေး ကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရပိုင်ခွင့်ကို ဖျက်ဆီးခဲ့ပါတယ်” လို့ ၎င်း က ဆိုပါတယ်။
“အပြစ်မဲ့ပြည်သူတွေဟာ နေ့စဉ် အကြမ်းဖက်မှုတွေ ကြုံတွေ့နေရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ချီတဲ့ အတိုက်အခံတွေဟာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံနေရဆဲဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
“အာဏာသိမ်းမှုနောက်ပိုင်း (၄) နှစ်ကြာတဲ့အထိ ကျွန်တော်တို့ မြန်မာပြည်သူတွေကို မေ့မထား ပါဘူး။ မတရား ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးကို လွှတ်ပေးပါ” လို့ ၎င်းက ပြောပါတယ်။
မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပေးလိုက်ပါလို့ ဒေးဗစ်လန်မီက တောင်းဆိုလိုက်ပါတယ်။
ကိုးကား – itv News
Ref; David Lammy calls for the release of Myanmar’s Aung San Suu Kyi
#Ayeyarwaddy_Times