
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၂ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ တပ်မှထွက်ပြေးမှုများ နေ့စဥ်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ထွက်ပြေးမှုအများဆုံးမှာ စခတ ၆ ၊ ခလရ ၁၁ နှင့် အမတ ၃၃၄တို့ဖြစ်ကြောင်း စစ်ကောင်စီ တပ်နှင့်နီးစပ်သူများထံမှ သိရသည်။
“ရခိုင်ကိုစစ်ကူ လိုက်ရတဲ့ သူတွေ သေတဲ့သူသေနဲ့ ပျောက်တဲ့သူပျောက် ဖြစ်ကတည်းက ကျန်တဲ့သူတွေက ပြေးခြင်နေကြတာ။ အခု ဧရာ၀တီအစပ်မှာ တိုက်ပွဲတွေဖြစ်တော့ပြေးကြတာများလာတယ်”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်၏ မိသားစု၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့ရှိ လက်အောက်ခံတပ်များတွင် တိုက်ပွဲတွင်းသေဆုံးသည့် အရာရှိ၊ တပ်သားများကို နေ့စဉ်ပြန်လည်ယူဆောင်လာပြီး သဂြိုလ်မှုများကြောင့် ရှေတန်းသို့လိုက်ရမည်ကို ကြောက်လန့်ပြီး ထွက်ပြေးသူများလာပြီး တပ်အတွင်း မိသားစုနှင့်နေထိုင်သူများ ကျန်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီမှ တပ်အင်အားနည်းပါးလာသောကြောင့် ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် အတင်းအဓမ္မပေါ်တာဆွဲသူများကို ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၉ အဖြစ်သင်တန်းပေးနေကြောင်း သိရသည်။
#ဧရာ၀တီတိုင်း #စစ်ကောင်စီတပ်များ #နေ့စဥ် #ထွက်ပြေးမှုများရှိနေ #Ayeyarwaddy_Times