
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို မကြုံစဖူး အခြေ အနေအထိ အရှိန်မြှင့်ခဲ့ရာ အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားသေဆုံးမှု အများဆုံးနှစ်ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇန်နဝါရီလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“အာဏာသိမ်းမှု (၄) နှစ်ပြည့်အပြီးမှာ အရပ်သားတွေအတွက် မြေပြင်အခြေအနေဟာ တစ်ရက် ထက်တစ်ရက် ပိုဆိုးရွားလာပါတယ်။ စစ်တပ်ရဲ့အာဏာ မှေးမှိန်လာတာကြောင့် အကြမ်းဖက်မှုတွေ အ ရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
“အရပ်သားတွေကို ရမ်းသမ်းတိုက်ခိုက်မှုတွေ၊ လူသားချင်းစာနာမှု အကူအညီပေးခွင့်ငြင်းပယ်မှု နဲ့ လူ့အခွင့်အရေး စနစ်တကျချိုးဖောက်မှုမှတစ်ဆင့် မြန်မာစစ်တပ်ဖန်တီးတဲ့ လူ့အခွင့်အရေးအကျပ်အ တည်းဟာ ဖော်မပြနိုင်လောက်တဲ့ဘေးဒုက္ခတွေ ဖြစ်စေခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ရက်စက်ကြမ်းကြုတ်မှုတွေ ချက်ချင်း အဆုံးမသတ်ဘဲ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ခံမှု မလုပ်ဆောင်ရင် အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်ကာ အရပ်သားတွေအတွက် အလုံးစုံအခြေအ နေဟာ မြေကြီးလက်ခတ်မလွဲ ဆက်လက်ဆိုးရွားလာမယ်လို့ ၎င်းက သတိပေးပါတယ်။
ရိုဟင်ဂျာတွေ အပါအဝက် ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းအားလုံးရဲ့ အခြေအနေဆိုးရွားလာပြီး အကာအကွယ်မဲ့တဲ့အခြေအနေက သူ့ကို တုန်လှုပ်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သား သန်း ၂၀ နီးပါး လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး ပြည်သူ ၃ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာခဲ့ရကာ စစ်ရှောင်သုံးပုံတစ်ပုံဟာ ကလေးငယ်တွေလို့ ကုလသ မဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နှစ်ဆတိုးကြိုးပမ်းဖို့၊ လူသားချင်းစာနာမှု အကူအညီ အပြည့် အဝ ပေးအပ်ခွင့်ပြုဖို့၊ နိုင်ငံရေးပုဒ်မနဲ့ ထိန်းသိမ်းခံရသူအားလုံး လွှတ်ပေးရေးတောင်းဆိုဖို့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးမြှင့်တင်သူတွေနဲ့ အဓိပ္ပာယ်ရှိရှိ ထိတွေ့ဆက်ဆံဖို့နဲ့ အကြမ်းဖက်မှု, ဖိနှိပ်မှုကြောင့် ထွက် ပြေးရသူတွေကို နိုင်ငံတကာက ကာကွယ်ပေးဖို့ ဒေသတွင်း အင်အားကြီးတိုင်းပြည်တွေကို ၎င်းက တောင်းဆိုခဲ့ပါတယ်။
ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်မှသက်ညှာခွင့် အဆုံးသတ်တာဟာ နိုင်ငံတကာအ သိုင်းအဝိုင်းပေါ် မူတည်တယ်လို့ ဗော်လ်ကာတပ်ခ်က ဆိုပါတယ်။
ကိုးကား – https://reliefweb.int/report/myanmar/
Ref; Myanmar: Four years on, coup leaders ramp up violations to unprecedented levels, UN finds
#Ayeyarwaddy_Times