ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁ ရက်

မြန်မာစစ်တပ်ဟာ အားလုံးပါဝင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှတစ်ဆင့် အရပ်ဘက် အုပ်ချုပ်ရေးကို ပြန်သွားဖို့ အာဏာစွန့်လွှတ်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်က ပြောပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချ ပြီး စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ လူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို လိုက်နာစောင့်ထိန်းဖို့နဲ့ အကြမ်းဖက်၊ လူမျိုးစုကြား တင်းမာမှုတွေမဖြစ်အောင် တားဆီးဖို့ ပဋိပက္ခပါ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဒူဂျာရစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေက ဆိုးရွားလာပြီး လူဉီးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ သန်း ၂၀ နီး ပါးဟာ ဒီနှစ်အတွင်း လူသားချင်းစာနာမှု အကူအညီ လိုအပ်မယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာပြည်သူ ၁၅ သန်းဟာ ၂၀၂၅ ခုနှစ်အတွင်း စားနပ်ရိက္ခာ မဖူလုံမှုကို ရင်ဆိုင်ရနိုင်ပြီး ပြီးခဲ့ တဲ့နှစ် ၁၃ ဒသမ ၃ သန်းထက် ပိုများလာခဲ့တာဖြစ်ပါတယ်။

“စားသောက်ကုန်အချို့ ဈေးကွက်တွေထဲမှာ ရရှိပေမယ့် လူတွေ မဝယ်နိုင်တာကြောင့် အစားအ သောက် လျှော့စားလာရလို့ ငတ်မွတ်ခေါင်းပါးမှုတွေ ရှိလာပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) ကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က ပြောပါတယ်။

မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာကို စိုးရိမ်မိတယ်လို့ ဂူတာရက်စ်က ဆိုပြီး ပဋိပက္ခပြင်းထန်လာတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာဟာ လွတ်လပ်ပြီး ငြိမ်းချမ်းသော ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ အားလုံးပါဝင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသို့ လမ်း ကြောင်းကို လျှောက်လှမ်းနိုင်ရေး မြန်မာပြည်သူတွေကိုကူညီဖို့ နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်ရဲ့ ပူး ပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – https://www.ungeneva.org
Ref; Myanmar: UN chief urges return to civilian rule as crisis worsens

#Ayeyarwaddy_Times 7