
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်
ပဋိပက္ခဖြစ်ပွားမှုမရှိသောဒေသများတွင်လေကြောင်းတိုက်ခိုက်မှုမြင့်မားလာခြင်းက မြန်မာစစ်အာဏာရှင်၏ အကြမ်းဖက်မှုအရှိန်မြင့်ကြောင်းထင်းရှား၍ ယင်းလုပ်ရပ်များကိုအမြန်ဆုံးရပ်တန့်ရမည့်အချိန်ဖြစ်ကြောင်း ဩဇာရှိအနောက်နိုင်ငံများက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏အကြမ်းဖက်မှုများသည် အင်ဒိုပစိဖိတ်ဒေသအတွင်းအကြီးမားဆုံးအကျပ်အတည်းဖြစ်ပြီး အကြမ်းဖက်မှုများရပ်တန့်ရန် ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေး၊ ဆွတ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ယနေ့စစ်တပ်အာဏာသိမ်းမှုလေးနှစ်ပြည့်တွင် ပူးတွဲသတင်းထုတ်ပြန်သည်။
လက်ရှိပဋိပက္ခများကြောင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများအတွက်ရေရှည်အကျိုးဖြစ်ထွန်းစေမည် မဟုတ်ကြောင်း၊ မြန်မာစစ်အာဏာရှင်များအနေဖြင့် လုပ်ရပ်များကိုအမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ကြောင်း၊ စစ်မှန်ပြီးအာလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အဆိုပါအချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကိုထပ်ဟပ်စေသည့် ငြိမ်းချမ်းသောဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်သောပထမဆုံးခြေလှမ်းများဖြစ်ပြီး မြန်မာပြည်သူများနှင့် အတူတသားတည်းရပ်တည်၍ အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းပါဝင်သည်။
မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့်ရက်စက်ကြမ်းကြုတ်မှုများအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရရှိရေး၊ လူ့အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရေး၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများကို တားဆီးကာကွယ် ရန်အလေးနက်ပြောကြားကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
စစ်တက်အာဏသိမ်းမှုကြောင့် နိုင်ငံလူဦးရေး၏ သုံးပုံတစ်ပုံ ( သို့မဟုတ်) ၁၉ ဒသမ ၉ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာအကူညီများလိုအပ်နေပြီး ၁၅ ဒသမ ၂ သန်းသည် စားနပ်ရိက္ခာထောက်ပံ့မှု လိုအပ်နေကာ တားဆီးနိုင်သောရောဂါဖြစ်ပွားမှုနှုန်းတိုးမြင့်နေကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်
#မြန်မာစစ်အာဏာရှင် #အကြမ်းဖက်မှုလုပ်ရပ်များရပ်တန့်ရမည့်အချိန်ဖြစ် #အနောက်နိုင်ငံများပူးတွဲထုတ်ပြန် #အမေရိကန်
#Ayeyarwaddy_Times