
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်
မလေးရှားနိုင်ငံသို့ သွားရောက်နေတဲ့ မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်း ၅၃ ဦး တင်ဆောင် လာတဲ့ ထရပ်ကားတစ်စင်း သောကြာနေ့က ဓာတ်တိုင်နဲ့တိုက်မိပြီးနောက် ယာဉ်မောင်းက မြန်မာရွှေ့ ပြောင်းတွေကို စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဟာ သန်ဆောင်-ဆူရတ်သာနီလမ်း အမှတ် ၄၁ အာရှအဝေးပြေးလမ်းမကြီးပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဒုတိယရဲမှူးကြီး ဖာနူဝပ်က ပြောပါတယ်။
ရဲနဲ့ ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာခဲ့ပြီး ခြောက်ဘီးယာဉ် ဟာ လမ်းဘေးဓာတ်တိုင်ကို တိုက်မိပြီးနောက် မြောင်းထဲထိုးကျခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက ထရပ်ကားကို ဖုံးအုပ်ထားတဲ့ တာပေါ်လင်စကို ဖယ်ရှားလိုက်ချိန်မှာ ကားအ တွင်း မြန်မာနိုင်ငံသား ၅၃ ဉီးကို တွေ့ရှိခဲ့ပါတယ်။
မြန်မာရွှေ့ပြောင်းအချို့ဟာ အသေးစားဒဏ်ရာတွေ ရရှိခဲ့ပြီး တစ်ဉီးက ခြေထောက်ကျိုးသွားခဲ့ပါ တယ်။ မြန်မာရွှေ့ပြောင်းတွေဟာ မောပန်းနေပုံပေါ်ပြီး ထိုင်းစကားလည်း မပြောဆိုနိုင်ဘူးလို့ သိရပါ တယ်။
၎င်းတို့ကို မြန်မာနယ်စပ်မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးဖို့ ခေါ်ဆောင်ခဲ့တာလို့ မြန်မာရွှေ့ ပြောင်းတွေက စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ထိုင်းအလုပ်ပွဲစားတွေကို ဘတ်ငွေ ၅၀၀၀၀ စီ ပေးခဲ့ရပြီး နန်ဘွန်ခရိုင်မှာ ယာဉ်က လမ်းဘေး ဓာတ်တိုင်ကို တိုက်မိကာ ယာဉ်မောင်းက ထွက်ပြေးသွားခဲ့တာလို့ မြန်မာရွှေ့ပြောင်းတွေက ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက ဥပဒေအရ အရေးယူဖို့ ယာဉ်မောင်းကို ရှာဖွေနေပြီး မြန်မာရွှေ့ပြောင်း တွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့ သိရပါတယ်။
ကိုးကား – Bangkok Post
Ref; Driver abandons 53 illegal migrants after truck crashes
#Ayeyarwaddy_Times