
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ကရင့်တော်လှန်ရေးနေ့တွင် KNU ဌာနချုပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ရှစ်နာရီဝန်းကျင်တွင် အသေခံဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း ကေအန်ယူနယ်မြေတွင် နေထိုင်သူများထံက သိရသည်။
“နှစ်တိုင်းတော့ အခမ်းအနားလုပ်တဲ့နေရာ၊ ဒီနှစ်တော့ မလုပ်ဘူး။ တစ်ယောက်သေပြီး တစ်ယောက်တော့ဆေးရုံတင်ထားရတယ်” ဟု တိုက်ခိုက်မှုဖြစ်စဉ်ကို သိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နှစ်ကလည်း KNU ဌာနချုပ်ကို အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ဖွားခဲ့သည်။
၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ကိုတရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်နေ့ကို ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
နှစ်စဥ်ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် KNU အုပ်ချုပ် သည့်နယ်မြေများတွင် အခမ်းအနားများဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်း အသုံးပြုမှုပိုမိုအားကောင်းပြီး စစ်ရေးအရှိန်အဟုန်ပိုမိုကျယ်ပြန့်လာသည့် ယခုနှစ်တွင်မူ KNU နယ်မြေအများစုတွင် သိုသိုသိပ်သိပ်ဖြင့် အကျဥ်းရုံးသာ ပြုလုပ်ကြကြောင်း KIC သတင်းဌာနက ဖော်ပြထားသည်။
ဓာတ်ပုံ-KNLA
#ကရင့်တော်လှန်ရေးနေ့ #KNUဌာနချုပ် #အသေခံဒရုန်း #တိုက်ခိုက်ခံရ #ထိခိုက်သေဆုံးမှုရှိ #Ayeyarwaddy_Times