(အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်အများစုကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့ဟု ဆို)

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း (၄) နှစ်အတွင်း မြန်မာနိုင်ငံမှာ ဆိုးရွားသော နိုင်ငံတကာ ရာဇ ဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ကြာသပတေးနေ့မှာ ပြော ကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးမယူရင် အခြေအနေ ပိုဆိုးရွားလာမယ်လို့ သတိပေးလိုက်ပါ တယ်။

ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်မှသက်ညှာခွင့်ရနေလို့ အကြမ်းဖက်မှုတွေ ထပ်မံ ကျူးလွန်နိုင် တာလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တယား (IIMM) အကြီးအကဲ Nicholas Koumjian က ပြောပါတယ်။

“IIMM က ရရှိခဲ့တဲ့ အထောက်အထားတွေအရ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း မှာ ဆိုးရွားသော နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

“ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ထောင်ချီတဲ့ အတိုက်အခံတွေဟာ ဥပဒေမဲ့ အကျဉ်းချ ခံရကာ အများစုဟာ နှိပ်စက်မှု၊ လိင်အကြမ်းဖက်နဲ့ အခြားအမြတ်ထုတ်မှုတွေ ခံခဲ့ရပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား တွေ သေဆုံးကာ အသက်ရှင်သူတွေကို အိုးအိမ်စွန့်ခွာစေပြီး ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာ ရေးဆိုင်ရာနေရာတွေ ပျက်စီးစေခဲ့ပါတယ်လို့ Nicholas Koumjian က ပြောပါတယ်။

လက်ရှိ စုဆောင်းခဲ့တဲ့ အထောက်အထားတွေအရ ရာဇဝတ်မှုအများစုကို မြန်မာစစ်တပ်က ကျူး လွန်ခဲ့တာလို့ ၎င်းက ဆိုပြီး မုဒိမ်းမှု၊ သတ်ဖြတ်မှုနဲ့ နှိပ်စက်မှုအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကိုလည်း စုံစမ်းစစ်ဆေးရေးမှူးတွေက ဖော်ထုတ်နေတယ်လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် စစ် ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရှေ့ နေက နိုဝင်ဘာလအတွင်း တောင်းဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆိုးရွားသော နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တရားစွဲဆိုမှု တွေ မရှိဘူးလို့ Nicholas Koumjian က ထောက်ပြပါတယ်။

“ပြစ်မှုကျူးလွန်သူတွေက ပြစ်ဒဏ်မှသက်ညှာခွင့်ရနေလို့ အကြမ်းဖက်မှုတွေ ထပ်မံ ကျူးလွန် နိုင်တာလို့ ကျွန်တော်တို့ ယူဆပြီး ပြစ်ဒဏ်မှသက်ညှာခွင့်ရနေမှုကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်” လို့ သူ က ဆိုပါတယ်။

“ဒီအမှုတွေကို ဖော်ထုတ်ပြီး တရားစွဲဆိုဖို့ ဆန္ဒရှိတဲ့ အာဏာပိုင်တွေကို ကူညီဖို့ IIMM က အ သင့်ရှိပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးမယူသရွေ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမှာပါ” လို့ ၎င်းက ဆက်ပြောပါတယ်။

ပြည်သူ ၁၉ ဒသမ ၉ သန်း သို့မဟုတ် မြန်မာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံကျော်ဟာ ၂၀၂၅ ခုနှစ်မှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

ကိုးကား – AFP
Ref; UN probe warns Myanmar violence may worsen, four years since coup

#Ayeyarwaddy_Times