ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ကျေးရွာများတွင် ဇန်နဝါရီလ ၂၈ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားသည့် အသံများမကြားရတော့သည့်အတွက် စစ်ဘေးရှောင်အချို့ ပြန်လည်၀င်ရောက်လာကြောင်း သိရသည်။

ရွှေသောင်ယံ၊ အုန်းချောင်း၊ ၀က်သေ၊ သဘော့ကန် စသည့်ကျေးရွာများမှ စစ်ဘေးရှောင်သူအချို့ ကျေးရွာများသို့ပြန်လည်ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားခဲ့သော မကျီးဇင်နှင့်ဘောမိကျေးရွာများမှ ဒေသခံအချို့လည်း အခြေအနေပြန်ကြည့်သူများရှိကြောင်း သိရှိရသည်။

“ပစ်ခတ်တဲ့အသံတွေမကြားတော့လို့ ပြန်လာကြတယ်။ အချို့က ပစ္စည်းတွေကို ပုသိမ်မှာထားပြီး ရွာကအိမ်မှာ ပြန်လာနေကြတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများအားလုံးကိုစစ်ကောင်စီမှ ပြန်ဖွင့်ခိုင်းထားပြီး ကျောင်းတက်ရောက်သူ အနည်းငယ်ရှိကာ ချောင်းသာကမ်းခြေတွင်လည်း ဟိုတယ်အချို့ပြန်ဖွင့်လှစ်ပြီး လာရောက်လည်ပတ်သူအနည်းငယ်ရှိလာကြောင်း သိရှိရသည်။

လက်ရှိတွင် မကျီးဇင် ၊ ဘောမိမှ သာပေါင်းမြို့နယ် သို့ သွားရာကားလမ်းများတွင် အာရက္ခတပ်တော်AAနှင့် စစ်ကောင်စီ တို့ကြားတိုက်ပွဲများဖြစ်ပွားနေပြီး သာပေါင်းမြို့မ ရဲစခန်းမှူးဒုရဲမှူး၀င်းနိုင်ဦးသည် ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။

#ရွှေသောင်ယံမြို့ #ပုသိမ်မြို့ #စစ်ဘေးရှောင်သူအချို့ #နေရပ်ပြန် #AyeyarwaddyTimes